Tuesday, September 23, 2008

အန္တရာယ်စပ်ကြားတွင် ထွက်ရပ်လမ်း ကျမ်းတော်မြတ်ကုရ်အာန်နှင့် စပ်လျဉ်းပြီး သိရ်မီဇီကျမ်းလာ တမန်တော်မြတ်၏ သြ၀ါတော်

ကျွန်ုပ်သည် ဗလီဝတ်ကျောင်းတော်သို့  ၀င်ရောက်သည်။ ထိုစဉ် လူအချို့ သည် အကြောင်းတစ်စုံတစ်ခုကို ငြင်းခုံနေကြသည်။ ကျွနု်ပ်သည် အလီသခင်ထံသို့ သွားရောက်ပြီး ဤသတင်ကိုပေးလိုက်သည်။ အလီသခင်က ပြောသည်မှာ ” ဒီလိုအကြောင်းတွ ပြောနေပြီလားတဲ့”။ ကျွန်ုပ်ကဆိုသည် “ဟုတ်ပါသည်”
အလီသခင်ကဆိုသည် “အစဉ်သတိပြုပါ၊ ကျွန်ုပ်သည် အလ္လာဟ်အရှင် မြတ်၏ ရစူလ်တမန်တော်ထံမှ ကြားခဲ့ရ သော စကားရှိသည်၊ တမန်တော်မြတ်က ဆိုသည်မှာ ”သတိပြုလော့၊ များ ကြာခင်ကာလ ကြီးမားသော ပြဿနာရပ်ကြီး ပေါ်လာလိမ့် မည်”


ထိုစဉ် အလီသခင်က မေးသည်၊ ”ဤသို့  သော အချိန်တွင် ထွက်ရပ်လမ်းက မည်သည့်အရာနည်းတဲ့”။ တမန်တော်မြတ်က ဖြေကြားသည်မှာ” ယင်းကျမ်း(ကုရ်အာန်)တွင် အသင်တို့  အသင်တို့  အလျင်ကရှိခဲ့ သောလူတို့ ၏ အကြာင်းပါရှိသည်။ အသင်တို့ ၏နောက် ဖြစ်ပျက်မည့်အကြာင်းလည်းပါရှိသည်။ အသင်တို့  စပ်ကြားတွင် ပြဿနာတို့ ၏ အဖြေလည်း ရှိသည်။ ဤသည် ကောင်းချီးမင်္ဂံလာဖြစ်သည်။ အပျင်းပြေရယ်မောစရာ စကားမဟုတ်ပါ။
ဤကျမ်းကို ခေါင်းမာသူတို့  စွန့် လွတ်ခဲ့သော် သူတို့ ၏ကျောရိုးကို အလ္လာအရှင်မြတ်က ချိုးပစ်မည် (ချိုးပစ်မည်၏ ဆိုလိုရင်းမှာ ကျမ်းတော်မြတ်ကို စွန့် လွတ်သူများကို အလ္လာအရှင်မြတ်၏ စွန့် လွတ်ခြင်းကိုခံ ရမည် ကိုဆိုလို ခြင်းဖြစ်သည်)။ ဤကျမ်းမြတ်ကို စွန့် လွတ်ပြီးသကာလ အခြားစကားရပ်ကို အမှန်အဖြစ် လမ်းညွှန်ချက်ယူသူတို့ ကို အလ္လာအရှင်မြတ်က လမ်းလွှဲလမ်းမှားသို့  ရောက်စေပါမည်။



( ကျမ်းတော်မြတ်ကုရ်အာန်၏ သုတပဒေသာစာစုများ - ဂျာဝဒ်သိန်း- မှ ကျွန်တော်၏ ညီအကိုများအတွက် ကောက်နုတ် တင်ပြ လိုက်ပါသည်။)

No comments: