Saturday, September 27, 2008

ယုံကြည်မူ၏ အလင်းရောင်(၅.၁.၁)

မပြတ်မစဲသနားကြင်နာတော်မူသော်၊ အနန္တကရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။

”ဧကန်မလွဲ ငါအသျှင်မြတ်သည် လူကိုအကောင်းဆုံးသော အချိုးအစား အရပ်အမာင်း ပုံကန်းသဏ္ဍန်၌ ဖန်းဆင်းတော်မူ၏။*ထို.နောက် ၎င်းအားညံ့ဖျင်းဆုံးသူတို့ထက် အညံ့အဖျင်းဆုံးသောအခြေအနေသို.ေ၇ာက်စေတော်မူ၏။*သို.ရာတွင် သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကုန်သော သူတို.အဖို.မှာကား မကန်ဆုံးနိုင်သော အကျိုးကျေးဇူးသည်(အသင့်)ရှိ၏။” (ကုရ်အာန်-စူရာ ၉၅-အာယတ် ၄.၅.၆)

ဆိုလိုရင်း

အလ္လာဟ်အရှင်မြတ်သည် လူသားအား အကောင်းဆုံးပုံစံဖြစ် ဖန်းဆင်းတော်မူ၏။သို.ရာတွင် အရှင်မြတ်အား ယုံကြည်ပြီး အရှင်မြတ်ချမှတ်ထားသော လူနေထိုင်မူစနစ်၌ ကျင့်ကြံသူမှအပ သွေဖယ်သူအားလုံးကို အညံ့ဖျင်းဆုံးသူများ၏ စာရင်းတွင် ရောက်ရှိစေတော်မူသည်။

ယုံကြည်မူ၏ အရည်အချင်း ငါးချက်

ကျွန်တော်သည် မြောက်မြားစွာသော ယုံကြည်မူ အရည်အချင်းများမှ အရည်အချင်း ငါးချက်ကိုသာ ရှင်းလင်းတင်ပြသွားပါမည်။

ပထမ အချက်

ယုံကြည်မူ၏ အလင်းရောင်ခြည်တွင် ရောက်ရှိနေသူများသည် မိမိကိုယ်ကိုမိမိ လူသားတို.၏ အမြင့်ဆုံး အခြေအနေသို. လျှောက်လှမ်း နေကြလိမ့်မည်။ မယုံကြည်မူ၏ မှောင်မိုက်မူထဲ ရောက်ရှိနေသူများသည် လူသားတို.၏ အညံ့အဖျင်ူဆံးအခြေအနေသို. လိမ့်ကျနေကြ၍ ဒုက္ခငရဲဘုံ၏ သားကောင်များ အဖြစ်သို.ရောက်ရန်ပြင်စဉ်နေကြမည်။
ယုံကြည်မူဟာ လူသားနှင့် ကြီးကျယ်မြင့်မြတ်တော်မူသော် ဖန်ဆင်းရှင်ကြား ချီနှောင်ပတ်ပေးမည့် ဆက်သွယ်ရေးကြိုးဏ္ဍန်ဆောင်၏။ ထို.ကြောင့် လူသားသည် အလ္လာဟ်အရှင်မြတ်၏ တည်ရှိမူ အရည်အချင်းနှင့် ဧမခန်း လွမ်းမိုးမူ အရည်အချင်း၏ တန်ဖိုးကို သိရှိလိုက်နာခြင်းဖြစ် သူ၏ယုံကြည်သူ အသွင်သဏ္ဍန်ကို ထင်ဟပ်စေ၏။
မယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မူ၏ အရည်အချင်းကို သိရှိသော်လည်း မြင်နိုင်မူ အစွမ်းအစ မရှိသည့်အလျှာက် ၎င်းတို.၏ ဘဝတန်ဖိုးမှာ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ကိုသာ ဂရုစိုက်မွန်းမံ ကြေနပ်နေကြမည်။ အဘယ်ကြောင့်ညွှန်းဆိုရသော် မယုံကြည်သူတို.၏ ဘဝ တည်ဆောက်မူသည် တိရစ္ဆာန်တို.၏ နေထိုင်မူပမာ စားဝတ်နေရေးနှင့် တဏ္ဏာ စသော ခဏတာ ပျော်ရွှင်မူများ နောက်သို.သာ လိုက်ရင်း ဘဝ၏ အရင်းအမှန် တန်ဖိုး ပြောက်ဆုံးနေလိမ့်မည်။

ဤဘဝနှစ်ရပ် ကွာခြားချက်ကို ဥပမာနိုင်းယှဉ်မူများဖြစ် ဆက်လက် စဉ်းစား တွေခေါ် ကြည့်ကြရအောင်လား သူငယ်ခြင်းတို.။

အနုစိတ်လက်မူပညာဖြစ်သော ပန်းချီကားကို ဥပမာထား နိုင်းယှဉ်ကြည့်သော၊ ပန်းချီးကား တစ်ချပ်ဖြစ်မြှောက်ရန် သုံးစွဲသော ကုန်ကြမ်းများဖြစ်သည့် ဆေးနှင့် စက္ကူ၏ တန်ဖိုးသည် ရေးဆွဲချယ်သပြီးသော ပန်းချီကားတစ်ချပ်၏ တန်ဖိုးနှင့် ကွားခြားလေ့ရှိသည်။ တစ်ခါတစ်ရံ ပန်းချီကားသည် ၎င်း၏ကုန်းကြမ်းနှင့် တန်ဖိုးခြင်း တူနေနိုင်၏။ တစ်ခါတစ်ရံ ပန်းချီကား၏ တန်ဖိုးသည် သိန်းချီမကတန်သော်လည်း ၎င်း၏ကုန်ကြမ်းသည် ရာချီသာ ကုန်ကြနေတတ်၏။ ထိုသို.သော ပန်းချီကား၏ လက်ရာမှာ အင်မတန်ပြောင်မြောက်သော ပန်ချီဆရာ၏ အစွမ်းအစထင်ဟပ်နေ သော်ကြောင့် ဤမျှတန်ဖိုး ရရှိနိုင်ခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင်ကြည့်သော် ပန်းချီဆ၇ာ၏ လက်ရာ ထင်ဟပ်မူမရှိသည့် တန်ဖိုးမဲ့ ပန်းချီကားသည် တိုလီမုံစ ဝယ်ယူသောဆိုင်၌ သူ၏မူရင်းစက္ကူတန်ဖိုးနှင့်သာ ရောင်းချခြင်းခံရပေမည်။

အထက်ပါ ဥပမာအား ကျွန်တော်တို.၏ ဖန်းဆင်းခံရပုံနှင့် နိုင်းယှဉ်ရှင်းရသော်၊ အလ္လာဟ်အရှင်မြတ်က လူသားကို လက်ရာပြောင်မြောက်စွာ အရှင်၏ ဧမခန်း တန်ခိုးအာဏ္ဏာဖြစ် အရှင်၏အရည်အချင်းများအား ထင်ဟပ်စွာ ဖန်ဆင်းတော်မူခဲ့လေပြီ။ ထိုကြောင့် ယူံကြည်သူတို.၏ မူသဏ္ဍန်၌ အရှင်၏အရည်အချင်းများသည် အလင်းေ၇ာင်ပမာ လင်းလက်နေပြီး အခြားမယုံကြည်သူများအား ဤအလင်းေ၇ာင်၏ တန်ဖိုးကို ရယူရန် ဖိတ်ခေါ်နေလိမ့်မည်။
ဒီအချက်သည် အရှင်၏ လက်ရာမြှောက်မူကို ဖန်ဆင်းခံရခြင်း၏ ရည်ရွယ်ချက်ကိုသိသော လူသားက ဤကမ္ဘာတစ်ခွင် ဟစ်ကြွေးလျက် ”ကျွန်ုပ်သည် အရှင်၏ ပြောင်မြှောက်သော လက်ရာဖြစ်သည့် အဖန်ဆင်းခံဟေ့“၊ ဤအရာသည်သာ ဖန်းဆင်းရှင်နှင့် ဖန်ဆင်းခံကြား ဆက်သွယ်ပေးသော စံချိန်တင် ယုံကြည်မူဖြစ်သည်၊ လူသား၏နှလုံးသားတွင် သံမိုပမာ နှစ်ဝင်နေသော ယုံကြည်မူသည် အရှင်၏ လက်ရာမြောက်လှသော ဖန်းဆင်းမူနှင့် အရှင်၏အဆုံးမဲ့ စွမ်းရည်တော်ကို မှန်ချပ်ပမာ ထာဝရ ထင်ဟပ်စေတော်မူခဲ့သည်။ ဒီလူသားသာလျင် အရှင်မြတ်၏ ကိုယ်စလှယ်အဖြစ်၎င်း ကောင်းကင်သုခဘုံသို.ဝင်နိုင်သည့် အရည်အချင်းများဖြစ် ပြည့်ဝနေသည့် ဧည်သည်တော်အဖြစ်၎င်း ကမ္ဘာပေါ်တွင် အဓိက အဖန်းအဆင်းခံ အဖြစ် အခြားလူသားမဟုတ်သည့် အဖန်းဆင်းခံများကြား ရင်ကော့ခေါင်းမော့၍ နေထိုင်နေရခြင်းဖြစ်သည်။
သို.သော်ငြားလည်း မယုံကြည်မူသည် အရှင်နှင့် လူသားကြား ဆက်သွယ်မူတောက်နေသည့် လိုက်ကာပမာဖြစ်သည့်အတွက် အရှင်၏ အရည်အချင်းများသည် လူသားအားမထင်ဟပ်ပဲ လိုက်ကာနောက်ကွယ် အမှောင်ထဲရောက် နေပေသည်။ ဖန်ဆင်းရှင်ကိုမေ့လျှော.သည်.အလျှောက် မယုံကြည်သူတို.၏ အတွေးခေါ်သည် အရှင်တည်ရှိခြင်းကို နားလည်နိုင်မည်မဟုတ်၊ ထိုသူတို.၏ အသွင်အပြင်ဖြစ်သည့် စိတ်၊ နုလုံး၊ အတွေးခေါ်များတွင် အရှင်၏လက်၇ာမှာ ပေါ်လွင်မည်မဟုတ်၊ ထိုကြောင့်မယုံကြည်သူတို.၏ ဘဝမှာ ဖန်းဆင်းခံရခြင်း၏ ရည်ရွယ်ချက်နှင့် အနှစ်သာရ ပြောက်ဆုံးနေသော တန်ဖိုးမဲ့ ပန်းချီကားတစ်ချပ်ကဲ့သို. ဖြစ်နေပေသည်။
အထက်ပါ နိုင်းယှဉ်ချက်များအားကိုးကားခြင်းအားဖြင့် ယုံကြည်သူများသည် အင်မတန် တောက်ပသော စိန်များပမာ မှန်ကွဲများသဏ္ဍန်တည်ရှိနေသော မယုံကြည်သူများ၏ အလယ် လင်းလပ်စွာ ထင်ရှားနေ၏။ မှန်ကွဲများဟုဆိုရခြင်းမှာ မယုံကြည်သူများ၏ဘဝ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များပမာ (ကျွန်တော် အထက်တွင် ရှင်းပြသကဲ့သို.) ခဏတာပျော်ရွင်ဖြစ်သော ခန္တာကိုယ်ရုပ်ရည်၏ လိုအပ်ချက်သည် သူတို.၏ အဓိက ဘဝပန်းတိုင်ဖြစ်နေသောကြောင့်ဖြစ်သည်၊ နောက်ဆုံးနိဂုံးမှာ မတည်မြဲသော ဤခန္တာကိုယ်ပျက်သုံးပြီး ကျွန်ုပ်တို.၏ ခဏတာဌာနေဖြစ်သော ကမ္ဘာမြေကို စွန်.ခွာသွားရစမြဲဖြစ်သည်။
မယုံကြည်ခြင်း၏ရလဒ်ကို အနှစ်ချုပ်သော အဖန်းဆင်းခံလူသားသည် စိန်ပမာ တန်ဖိုးမြင့်မြတ်သော သူတို.ဘဝကို အဖန်ဆင်းခံရခြင်း၏ ရည်ရွယ်ချက်ကို သိသိလျက်နှင့် သွေဖယ်၍ မှန်ကွဲမှန်စများပမာ မိမိတို.ကိုယ်တိုင် ပြောင်းလဲနေတော့သည်။

(တူ၇ကီနိုင်ငံဖွား ဆ၇ာကြီး ဘိုင်သွလ်-အိတ်ဇမန်း-နွန်လ်စီ၏ ရီစာလေ-အိုင်းရ်နူးရ် စုစီးမူများထဲမှ စကားလုံးသုံးဆယ်သုံးလုံး၏ အကြောင်းအရင်းတစ်ချက်ကို ဘာသာပြန်ဆိုထားပါသည်။)

အင်္ဂံလိပ်ဘာသာပြန် ရယူချင်သူများ ဤနေရာတွင် ရယူနိုင်သည်။
http://www.ayetulkubra.com/rnkdiller/eng/english_word.htm

ဘာသာပြန်ဆိုသူ-အွတ်စ္စမန်းမင်း (I.I.U.M)

Tuesday, September 23, 2008

အန္တရာယ်စပ်ကြားတွင် ထွက်ရပ်လမ်း ကျမ်းတော်မြတ်ကုရ်အာန်နှင့် စပ်လျဉ်းပြီး သိရ်မီဇီကျမ်းလာ တမန်တော်မြတ်၏ သြ၀ါတော်

ကျွန်ုပ်သည် ဗလီဝတ်ကျောင်းတော်သို့  ၀င်ရောက်သည်။ ထိုစဉ် လူအချို့ သည် အကြောင်းတစ်စုံတစ်ခုကို ငြင်းခုံနေကြသည်။ ကျွနု်ပ်သည် အလီသခင်ထံသို့ သွားရောက်ပြီး ဤသတင်ကိုပေးလိုက်သည်။ အလီသခင်က ပြောသည်မှာ ” ဒီလိုအကြောင်းတွ ပြောနေပြီလားတဲ့”။ ကျွန်ုပ်ကဆိုသည် “ဟုတ်ပါသည်”
အလီသခင်ကဆိုသည် “အစဉ်သတိပြုပါ၊ ကျွန်ုပ်သည် အလ္လာဟ်အရှင် မြတ်၏ ရစူလ်တမန်တော်ထံမှ ကြားခဲ့ရ သော စကားရှိသည်၊ တမန်တော်မြတ်က ဆိုသည်မှာ ”သတိပြုလော့၊ များ ကြာခင်ကာလ ကြီးမားသော ပြဿနာရပ်ကြီး ပေါ်လာလိမ့် မည်”


ထိုစဉ် အလီသခင်က မေးသည်၊ ”ဤသို့  သော အချိန်တွင် ထွက်ရပ်လမ်းက မည်သည့်အရာနည်းတဲ့”။ တမန်တော်မြတ်က ဖြေကြားသည်မှာ” ယင်းကျမ်း(ကုရ်အာန်)တွင် အသင်တို့  အသင်တို့  အလျင်ကရှိခဲ့ သောလူတို့ ၏ အကြာင်းပါရှိသည်။ အသင်တို့ ၏နောက် ဖြစ်ပျက်မည့်အကြာင်းလည်းပါရှိသည်။ အသင်တို့  စပ်ကြားတွင် ပြဿနာတို့ ၏ အဖြေလည်း ရှိသည်။ ဤသည် ကောင်းချီးမင်္ဂံလာဖြစ်သည်။ အပျင်းပြေရယ်မောစရာ စကားမဟုတ်ပါ။
ဤကျမ်းကို ခေါင်းမာသူတို့  စွန့် လွတ်ခဲ့သော် သူတို့ ၏ကျောရိုးကို အလ္လာအရှင်မြတ်က ချိုးပစ်မည် (ချိုးပစ်မည်၏ ဆိုလိုရင်းမှာ ကျမ်းတော်မြတ်ကို စွန့် လွတ်သူများကို အလ္လာအရှင်မြတ်၏ စွန့် လွတ်ခြင်းကိုခံ ရမည် ကိုဆိုလို ခြင်းဖြစ်သည်)။ ဤကျမ်းမြတ်ကို စွန့် လွတ်ပြီးသကာလ အခြားစကားရပ်ကို အမှန်အဖြစ် လမ်းညွှန်ချက်ယူသူတို့ ကို အလ္လာအရှင်မြတ်က လမ်းလွှဲလမ်းမှားသို့  ရောက်စေပါမည်။



( ကျမ်းတော်မြတ်ကုရ်အာန်၏ သုတပဒေသာစာစုများ - ဂျာဝဒ်သိန်း- မှ ကျွန်တော်၏ ညီအကိုများအတွက် ကောက်နုတ် တင်ပြ လိုက်ပါသည်။)