Monday, November 29, 2010

မြန်မာနိုင်ငံနှင့် အစ္စလမ်သာသနာ

1)မြန်မာနိုင်ငံသို့ အစ္စလာမ်သာသနာတော် ရောက်ရှိလာပုံနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်းအထောက်အထားများ

2)ပထမမြန်မာနိုင်ငံတော် - ပုဂံခေတ် (၁၀၄၄ - ၁၂၈၇)

3) ဒုတိယ မြန်မာနိုင်ငံ -ညောင်ရမ်းမင်းဆက်

4) ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၈၈၅)

5) တတိယ မြန်မာနိုင်ငံ
ရခိုင်မင်းတို့နှင့် အစ္စလာမ်သာသနာ

6) many more.....(လွတ်လပ်ရေးအတွက် မွတ်စ္စလင်တို့၏လုပ်ဆောင်ချက်များ)

မြန်မာနိုင်ငံနှင့် အစ္စလမ်သာသနာ အမည်ရှိသော စာအုပ်ကို စာရေးဆရာ ဝါးခယ်မ မောင်မင်းနိုင် မှ တင်ဆက်ထားမူကို
ဒီနေရာတွင် Download ရယူပါ

ဗမာမွတ်စ္စလင် ကွန်ဂ္ဂရက် စာစဉ်လေး၁ခုပါ

ဗမာမွတ်စ္စလင်၏ နိုင်ငံရေးလုပ်ရှားခဲ့ပုံ အပိုင်းလေး၁ပိုင်းပါ။ လေ့လာချင်သူများ အတွက်
ဒီနေရာမှာ Download ရယူပါ

မြန်မာနိုင်ငံ သို့ အစ္စလာမ်သာသနာဆိုက်ရောက်ခြင်း

၁.ရှေးဦးစွာရောက်ရှိလာသူများ

၂.ပုဂံခေတ်မွတ်စလင်များ

၃.မွတ်စလင်စစ်သည်များနှင့်ကုန်သည်များ

၎.မွတ်စ်လင်မ်စစ်အကျဉ်းသားများ

၅.နန်းတွင်းမွတ်စလင်မ်စစ်သည်တော်များ

၆.ကုန်းဘောင်ခေတ်မွတ်စလင်မ်များ


ဒီနေရာမှာdownloadရယူပါ
သမိုင်းကြောင်းကို ယခုထက်ပိုမိုစုံလင်စွာသိလိုပါက www.wikipedia.org တွင် Islam In Burma/Myanmar ခေါင်းစဉ်ကိုဖက်ရှုနိုင်ပါကြောင်း….

ဇေယျာလင်း

သြဇာကြီးမား မွတ်စလင် ၅၀၀ ( ၂၀၁၀) မြန်မာ ဘာသာပြန် ပထမပိုင်း

၁၊ နိဒါန်း

၂၊ တော်ဝင်အစ္စလာမ်မဟာဗျူဟာလေ့လာရေးဌာန


၃၊ အမ္မာန် သတင်းစကား


၎၊ အစ္စလာမ့် စည်းဝိုင်း အတွင်းရှိ ကျောင်းတော် ပို့ချချက် ဆိုင်ရာ ကွဲပြား မှုများ

၆၊ ထပ်ဆင့်ရှင်းလင်းချက်များ


၇၊ သြဇာကြီးမား မွတ်စလင်များ (၁မှ ၁၁ အထိ)


ဒီမှာdownloadလုပ်ပါ

ကိုသက်ကိုမှ တဆင့်ရယူထားပါသည်။

Monday, October 18, 2010

ကုရ်အာန်တွင်ဆို သော ဂေါဓမ္မမြတ်စွာ

အပ်စလာမို့ အလိုက်ကွန်းမ် မိတ်ဆွေများ

အစ္စလာမ်ဘာသာ ပေါ်ထွန်းလာမှာကို ဗုဒ္ဓက နှစ်ပေါင်းတစ်ထောင်ကျော် လောက်ကတည်းက ကြိုတင် ဟောကိန်းထုတ်ခဲ့တယ်ဆိုတဲ့ ဆောင်းပါးတစ်စောင်ကို တွေ့တာနှင့် မျှဝေခဲ့ပါတယ်။ အဲဒိလို မျှဝေရာမှာ ကုရ်အန်ထဲမှာ ဗုဒ္ဓနှင့် ပတ်သက်၍ ဖေါ်ပြထားတာရှိတယ်လို့ ရေးလိုက်ပါတယ်။ ရေးလိုက်ရတဲ့ အကြောင်းရင်းတစ်ခုက ဗုဒ္ဓဘာသာလူများစုတွေ နေထိုင်တဲ့ မြန်မာနိုင်ငံက မြန်မာမွတ်စလင်တွေအနေနှင့် ဗုဒ္ဓနှင့် အစ္စလာမ် ဆက်စပ်မှုကို ကြားသိထားသည့်အတိုင်း ရေးလိုက်ခြင်းဖြစ်ပါတယ်။ လူမျိုးနွယ်တိုင်းကို အလ္လာဟ်အရှင်က တမန်တော်များ စေလွှတ်ခဲ့သည်ဟု ကုရ်အန်က ဆိုသည်ဟုလည်း ကြားနာဖူးပါတယ်။ ဗုဒ္ဓကို ကုရ်အန်တွင် ဖေါ်ပြထားသည်နှင့် ပတ်သက်၍ လေးစားအပ်သော မိတ်ဆွေကြီးနှစ်ဦးက မေးခွန်းထုတ်လာပါတယ်။

ကျနော်သိသလောက်က ဘာသာအသီးသီးမှာ အယူအမြင် ကွဲပြားမှုတွေ ရှိပါတယ်။ အဲဒီအယူ အမြင်ကွဲပြားမှုအပေါ် အခြေခံပြီး ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ဂျူး စသည်တို့မှာ အစ္စလာမ်လိုဘဲ ဂိုဏ်းကွဲများ (Schools) ဖြစ်တည်လျက် ရှိပါတယ်။ တစ်ဂိုဏ်းထဲမှာပင် ဒေသအလိုက် ကွဲပြားမှုတွေ ရှိတတ်ပြန်ပါတယ်။

အခုကျနော် ဖေါ်ပြပေးမည့် အကြောင်းအရာနှင့် ပတ်သက်၍လည်း အစ္စလာမ် ဘာသာရေး ပညာရှင်များတွင် အမြင်မတူညီမှုတွေ ရှိနိုင်ပါတယ်။ ကျနော့အနေနှင့် တွေ့ရှိရခြင်းကို ဗဟုသုတအဖြစ် မျှဝေပေးခြင်းသာဖြစ်ပါတယ်။ လေ့လာထားတာ ဟုတ္တိပတ္တိမရှိ၍ လေ့လာထားတာကို တင်ပြခြင်း အလျဉ်း မဟုတ်ပါ။ ဘယ်လောက်မှန်တယ်။ မမှန်ဘူး။ ခိုင်မာတယ်။ မခိုင်မာဘူးဆိုတာကို အသေးစိတ် ပိုမိုသိရှိလိုပါက သက်ဆိုင်ရာ အစ္စလာမ်သာသနာ့ ပညာရှင်များကို ဆက်သွယ်မေးမြန်းနိုင်ကြပါတယ်။ မိမိ သိရှိထားသည်များ ရှိပါကလည်း ဖတ်ရှုလိုပါတယ်။

ဆရာ ဦးမောင်ကို ဂဖာရီ၏ Al-Nahdahပါ ဆောင်းပါးကို (မူလ မိတ္တူက အလွန်ဟောင်းနွမ်းနေပြီး ဖတ်ရန် ခက်ခဲနေသဖြင့်)
ကူးယူဖေါ်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်စာအားနည်းသော မိတ်ဆွေများ အလွယ်သိရှိနိုင်ရန် အဓိကကျသော အချက်အလက်အချို့ကို မြန်မာပြန်ပေးလိုက်ပါတယ်။

(Allama Yusuf Ali အပါအဝင်) ထင်ရှားကျော်ကြားသော အစ္စလာမ်သာသနာ့ ပညာရှင်များက ဂေါတမဗုဒ္ဓကို Surah Ambiya (21:85-86)နှင့် Surah Sad (38:48)ပါ Zul-Kifl, Man of Kappila (ဇွလ်ကိဖ်လ်, ကပ္ပိလမှ ပုဂ္ဂိုလ်ထူး)အဖြစ် သတ်မှတ် ဖေါ်ပြကြပါတယ်။ Maulana Manazir Ahsan Gilaniက Sabe-inသည် ဗုဒ္ဓဘာသာနိုင်ငံကို ရည်ညွှန်းသည်ဟု ဆိုခဲ့သည်။ Maulvi Abdul Haq Vidhyarthi နှင့် အခြားသြဇာကြီးမားသော အစ္စလာမ်သာသနာ့ ပညာရှင်အများအပြားက ဗုဒ္ဓမိန့်ကြားခဲ့သော နောက်ပွင့်တော်မူမည့် Ari-Metteya ဘုရား(မိမိ၏ ရန်သူကိုပင် မေတ္တာတရား ကြီးမားစွာ ထားနိုင်သောသူ) ဆိုသည်မှာ ကျွန်ုပ်တို့၏ နောက်ဆုံးတမန်တော်ကို ရည်ညွှန်းခြင်းသာဖြစ်ကြောင်း ရှင်းလင်းဖွင့်ဆိုကြသည်။

အချို့ပညာရှင်များက Surah At-Tin(95)ကို သဖန်းပင်ဟု ပြန်ဆိုရာတွင် ဗုဒ္ဓနှင့် အခြားသူတော်စင်များ တရားအားထုတ်သော ဗောဓိညောင်ပင်ကိုလည်း ဆိုလိုနိုင်ကြောင်း ဖွင့်ဆိုကြသေးသည်။

လေးစားစွာဖြင့်

အောင်တင်
အောက်တိုဘာ ၁၁၊ ၂၀၁၀

Sunday, October 17, 2010

ဘာသာရေးကို ဂဂနနမသိဘဲ အရမ်းကာရော မဝေဖန်ကြလေနဲ့

Pastor Terry Jones wanted to burn the Qur’an because he believes it preaches violence. That, in fact, has been an article of faith for critics of Islam post-9/11. “See, it says right here,” they say, pointing to the “Sword Verses,” of which they are a dozen. They quote them selectively, as does Osama bin Laden — he to justify violent jihad, they to demonize Islam.
ကုရ်အန်ကျမ်းသည် အကြမ်းဖက်မှုတွေကို ပို့ချပေးနေတဲ့ကျမ်း ဖြစ်တယ်လို့ ယုံကြည်နေတဲ့အတွက် (အီဗန်ဂျလီကယ်) ခရစ်ယန်ဘုန်းတော်ကြီး တယ်ရီဂျုန်းက မီးရှို့ပစ်ချင်နေပါတယ်။ နိုင်းဝမ်းဝမ်းနောက်ပိုင်းတွင် အစ္စလာမ်ဘာသာကို ပြစ်တင် ဝေဖန်နေသူတွေကလည်း ကုရ်အန်ကျမ်းထဲက ဓါးကဏ္ဍရဲ့ တစ်ဒါဇင်လောက်ရှိတဲ့ စာပိုဒ်တွေကို ဟောဒီမှာ ကြည့်ကြဆိုပြီး ရွေးချယ် ထောက်ပြနေကြပါတယ်။ အမှန်တကယ်ကတော့ မိမိရဲ့ အကြမ်းဖက်ဝါဒဆိုးကို အထောက်အကူပြုဖို့ အိုစာမာဘင်လာဒင်က ဒီကျမ်းစာပိုဒ်တွေကို မိမိလိုရာဆွဲပြီး ကိုးကားခဲ့သလို အစ္စလာမ်ဘာသာကို သရုပ်ဖျက်လိုသူများကလည်း အိုစာမာဘင်လာဒင်လိုဘဲ တမင်လိုရာဆွဲ ကိုးကားနေကြခြင်းသာ ဖြစ်ပါတယ်။




As with most sacred texts, the Qur’an is open to human interpretation. But there’s consensus among reputable scholars, Muslims and non-Muslims, that the book sanctions war only for defensive purposes. Peace is the norm, not violence and warfare.
အခြားဘာသာရေးကျမ်းတွေလိုဘဲ ကုရ်အန်ကျမ်းကို လူသားတွေက မိမိအားသန်ရာကို လိုသလိုဆွဲပြီး အဓိပ္ပါယ်ကောက်နိုင်၊ ဖွင့်နိုင်ကြပါတယ်။ သို့သော် ကုရ်အန်ကျမ်းထဲက စစ်မက်ပြုရေး ခွင့်ပြုချက်တွေဟာ မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်းကို ဂုဏ်သိက္ခာရှိ ထင်ရှားကျော်ကြားသည့် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သော ကမ္ဘာ့သာသနာရေးဆိုင်ရာ ပညာရှင်များက တညီတညွတ်တည်း ထောက်ခံ အတည်ပြုထားပြီး ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းရေးကိုသာ အခြေခံ စံအဖြစ် သတ်မှတ်ထားသော သာသနာဖြစ်ပါတယ်။ အကြမ်းဖက်မှုနှင့် စစ်ပွဲများသည် အစ္စလာမ်၏ စံအခြေခံ မဟုတ်ပါ။



The most contentious verse, Slay them wherever you find them, is part of a passage that emphasizes self-defence, not warmongering:
ပြသနာအဖြစ်ရဆုံးဖြစ်တဲ့ “သူတို့ကို တွေ့ရာသချိင်္ုင်း ဓါးမဆိုင်းဘဲ သတ်ပစ်ကြ”ဆိုတဲ့ ကျမ်းစာပိုဒ်သည်ပင်လျှင် မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက် (မလွှဲ မရှောင်သာသော) တရားသောစစ် အတွက်သာဖြစ်ပြီး၊ စစ်သွေးဆာတဲ့သဘော၊ စစ်သွေးကြွတဲ့သဘော မဟုတ်ပါဘူး(ဆိုတာကို လူအများက မသိကြဘူး)။




Fight in the way of God against those who fight you, but begin not hostilities; Allah loves not the aggressors. And slay them wherever you find them and expel them from places whence they expelled you, for persecution is worse than slaughter. . . But if they desist, cease hostilities (2:190-93).
ထို့ပြင်တဝ အလ္လာဟ်အရှင်၏ လမ်းတော်တွင် အသင်တို့ကို (စတင်)စစ်မက်ပြိုင် တိုက်ခိုက်သူတို့နှင့်သာ ပြိုင်ဆိုင် တိုက်ခိုက်ကြလော့။ သို့ရာတွင် အသင်တို့သည် (မည်သည့်နည်းနှင့်မှ)စတင် မကျူးကျော်ကြလေနှင့်။ ဧကန် အလ္လာဟ်အရှင်သည် (စတင်)ကျူးကျော်သူတို့ကို မနှစ်သက်ပေ။ ထို့နောက် ၄င်းတို့အား တွေ့ရာနေရာများတွင် ဖမ်းဆီး ကွပ်မျက်ကြ။ ထို့ပြင် အသင်တို့အား ၄င်းတို့က (မက္ကာမြို့တော်မှ)နှင်ထုတ်ကြသကဲ့သို့ အသင်တို့ကလည်း ၄င်းတို့အား ပြန်နှင်ထုတ်ကြ။ အမှန်သော်ကား ညှင်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ဆိုးဝါးပေ၏။့ အကယ်၍ ထိုသူတို့က စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းကို ရပ်တန့်ကြပါမူ၊ အသင်တို့သည် အခြားသူများအား ကျူးကျော်စော်ကားရန် အကြောင်းမရှိပေ။




Another “sword” verse, Take them and slay them, was revealed when Muslims were being persecuted in seventh century Arabia:
သူတို့ကို တိုက်ကြ၊ သတ်ကြဆိုတဲ့ ဓါးကဏ္ဍ၏ အခြားကျမ်းစာပိုဒ်သည်လည်း (ရ)ရာစုနှစ် အာရေဗျမှာ မွတ်စလင်များ အညှဉ်းဆဲခံ၊ အတိုက်ခိုက်ခံနေရမှုကို အကြောင်းပြု၍ (ပြန်လှန်ခုခံကာကွယ်ရေးအတွက်)သာ ကျရောက်လာခြင်း ဖြစ်ပါတယ်။




If they leave you alone and do not fight you and offer you peace, then Allah allows you no way against them;(but) if they withdraw not from you nor offer you peace, then take them and slay them wherever you find them (4:90-91).
သို့ရာတွင် ၄င်းတို့သည် အသင်တို့ထံမှ ဆုတ်ခွာ၍ အသင်တို့နှင့် စစ်တိုက်ခြင်း မပြုဘဲနေခဲ့သော်၊ သို့တည်းမဟုတ် ၄င်းတို့က အသင်တို့ထံ စစ်ပြေငြိမ်းရန် ကမ်းလှမ်းခဲ့သော် အသင်တို့အား ၄င်းတို့နှင့် ဆက်လက်တိုက်ခိုက်ရန် အလ္လာဟ်အရှင်က မည်သည့်နည်းနှင့်မျှ ခွင့်ပြုမည် မဟုတ်။့  အကယ်၍သာ ၄င်းတို့သည် အသင်တို့(နှင့် စစ်ပြိုင်တိုက်ခိုက်ခြင်း)မှ ဆုတ်ခွါ၍ မနေခဲ့သည်ရှိသော်၊ ၄င်းအပြင် အသင်တို့ထံ စစ်မက်အရေး ကျေအေးပြေငြိမ်းရန် ကမ်းလှမ်းခြင်း မပြုခဲ့သည်ရှိသော် အသင်တို့သည် ၄င်းတို့အား အရပ်ဒေသ၌ ဖမ်းဆီးကြလေကုန်။ သတ်ဖြတ်ကြလေကုန်။




Another injunction, Fight the leaders of unbelief, has a qualifier:
နောက်ပြဌာန်းချက်တစ်ခုဖြစ်တဲ့ မယုံကြည်သူတွေရဲ့ ခေါင်းဆောင်တွေကို တိုက်ခိုက်ရန် ခွင့်ပြုခြင်းမှာပင် ကန့်သတ်ချက်တွေ ရှိနေပြန်ပါတယ်။




If they break their pledges after their covenant (with you) and assail your religion, then fight the leaders of unbelief (9:12).
တစ်ဖန် ၄င်းတို့သည် အသင်တို့နှင့် ကတိသစ္စာပြုပြီးမှ ကတိဖျက် သစ္စာဖေါက်ခြင်းကိုလည်းကောင်း၊ အသင်တို့၏ သာသနာကို ကဲ့ရဲ့ ပြစ်တင် ရှုံ့ချခြင်း၊ တိုက်ခိုက်ခြင်းကိုလည်းကောင်း ပြုခဲ့ကြပါမူ ထိုမယုံကြည်သူတို့၏ ခေါင်းဆောင်များကို တိုက်ခိုက်ကြကုန်၊ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၌ ကတိသစ္စာများ မရှိကြတော့ပြီ။




Another verse concerning fighting comes in the context of the right of both Muslims and non-Muslims to practise their religion.
နောက်ကဏ္ဍတစ်ခုမှာဆိုလျှင် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို ထိပါးလာလျှင် ပြန်လှန် ခုခံ ကာကွယ်ပိုင်ခွင့်ကို မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများ အားလုံးအတွက်ပင် တန်းတူ ခွင့်ပြု ပြဌာန်းပေးထားပါတယ်။




Leave is given to those who fight, because they have been wronged . . . (and) expelled from their homes unjustly only for saying, ‘Our Lord is God.’ Had it not been for God repelling some men by means of others, churches, oratories and mosques . . . would surely have been pulled down (22:39-40).
(အစဉ်တစိုက်)တိုက်ခိုက်ခြင်း ခံနေရသော မွတ်စလင်မ်တို့သည် (ယခုအခါ)ပြန်လည်ခုခံ တိုက်ခိုက်ခွင့် ရရှိလေပြီ။ အကြောင်းသော်ကား ၄င်းတို့သည် ညှဉ်းပမ်း နှိပ်စက်ခြင်းကို ခံခဲ့ကြရလေသည်။့ ၎င်းတို့က ကျွန်ပ်တို့၏ ဖန်ဆင်းရှင်သည် အလ္လာဟ်အရှင်ဖြစ်သည်ဟု ပြောဆိုရုံဖြင့် မိမိတို့ နေအိမ်များမှ နှင်ထုတ်ခြင်းကို ခံခဲ့ကြရသည်။ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဂျူးဘုရားကျောင်းများနှင့် အရှင်၏ နာမတော်များအား အကြိမ်ကြိမ် တသရွတ်ဆိုလျှက်ရှိသော ဗလီဝတ်ကျောင်းများသည်လည်းကောင်း ဖြိုဖျက်ခြင်း ခံကြရမည် အမှန်ပင်။




Islamic tradition also holds that the “sword verses” were, in fact, overtaken by others revealed later when peace prevailed between Muslims and non-Muslims. Thus the Qur’anic exhortations to avoid war altogether, limit warfare, and, if attacked, to respond only proportionately, protecting civilians and not mutilating the dead:
အမှန်စင်စစ် ဓါးကဏ္ဍမှာပါတဲ့ (တိုက်ခိုက်ရန် ခွင့်ပြုခြင်း)များသည်ပင်လျှင် မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများအကြား ငြိမ်းချမ်းရေးရပြီးသောအခါ ကျရောက်သော နောက်ကျမ်းစာပိုဒ်များက ချေဖျက်ပြီး ဖြစ်ပါတယ်။ ကုရ်အန်တွင် စစ်ကို ရှောင်လွှဲဖို့၊ စစ်ကို ကန့်သတ်ဖို့၊ အတိုက်ခံရလျှင်တောင် တဆုံးတစမဟုတ်ဘဲ သင့်တင့်ညီမျှသော အင်အားသုံး၍ တုန့်ပြန်ဖို့သာမက အရပ်သားများကို အကာအကွယ်ပေးခြင်း၊ သေဆုံးသူများ၏ ခန္ဓာကိုယ်ကို မဖျက်ဆီးရခြင်းများကို စည်းကမ်းအဖြစ် သတ်မှတ်ပေးထားခဲ့ပါတယ်။



Warfare is an awesome evil (2:216).
အမှန်စင်စစ် ထိုစစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည် အသင်တို့အဖို့ သဘာဝအလျောက် ရွံရှာစက်ဆုပ်(ဝန်လေး)ဘွယ်ရာပင် ဖြစ်ချေသည်။



If your enemy inclines toward peace, then you, too, should seek peace (8:61).
၎င်းတို့(သင်၏ ရန်သူများ)သည် စစ်ပြေငြိမ်းရန် ယိမ်းညွှတ်ပါလျှင် အသင်တို့လည်း စစ်ပြေငြိမ်းရန် ယိမ်းညွှတ်ပါလေ။



Some of the 9/11 hijackers were said to have cited a verse calling on the believers to slay the idolaters. Here’s the full quote:
နိုင်းဝမ်းဝမ်း လေယာဉ်ပြန်ပေးဆွဲ(၍ ကမ္ဘာ့ကုန်သွယ်ရေး ဌာနချုပ်ကို တိုက်ခိုက်)သူများက အစ္စလာမ်ဘာသာဝင်များကို သူတို့ကဲ့သို့ ဘာသာခြားတွေကို တိုက်ခိုက်ကြရန် လှုံ့ဆော် ရွတ်ဆိုခဲ့သည်ဆိုသော ကုရ်အန်ကျမ်းစာပိုင်းကို အပြည့်အစုံ(Full Context) ကိုးကားမည်ဆိုလျှင်



When the sacred months have passed, slay the idolaters wherever you find them, and take them (captive), and ambush them. But if they repent and establish worship and pay the poor-due (charity), then let them go free (9:5).
ထူးမြတ်သောလများ ကုန်လွန်သွားသောအခါ ကတိ ချိုးဖေါက်သော (သာသနာ့အယောင်ဆောင်)တို့အား တွေ့ရာနေရာများတွင် သတ်ဖြတ်ကြ။ ဖမ်းဆီးချုပ်နှောင်ထားကြ။ ၄င်းတို့ ပုန်းအောင်းသော နေရာတိုင်းတွင် ချောင်းမြောင်းကြ။ အကယ်၍ ထိုသူတို့သည် ၀န်ချ တောင်းပန်ခြင်းကိုလည်းကောင်း၊ တည်မြဲစွာ ဆွလာသ် ၀တ်ပြုမှုကိုလည်းကောင်း၊ (ဆင်းရဲသားများအတွက်)ကျသင့်သော အလှူဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း ပြုမူကြပါမူ၊ အသင်တို့သည် ၄င်းတို့၏ လမ်းကို ဖွင့်လှစ်ပေးကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်သည် လွတ်ငြိမ်း ချမ်းသာခွင့်ပေးသော ညှာတာသနားသော အရှင်ဖြစ်ပေ၏။



“Just as Old Testament passages regarding violence and warfare need to be understood as a response to a specific historical situation, so too the Qur’an,” says John Esposito, professor of Islamic Studies at Georgetown University in Washington, D.C.
ခရစ်ယာန် ဓမ္မကျမ်းဟောင်းရှိ အကြမ်းဖက်မှု၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှုဆိုင်ရာ ကျမ်းစာပိုင်းတွေကို နားလည်နိုင်ရန်အတွက် ထိုကာလ သမိုင်းဆိုင်ရာ အချက်အလက်တွေကို သိထားဖို့ လိုအပ်သလို ကုရ်အန်ကျမ်းစာကို နားလည်ရန် ကုရ်အန်ကျမ်း ကျရောက်စဉ်ကာလ သမိုင်းကို သိထားဖို့ လိုပါတယ်လို့ ဝါရှင်တန်ရှိ ဂျော့တောင်းတက္ကသိုလ် အစ္စလာမ်ဘာသာလေ့လာရေး ပါမောက္ခ ဂျွန် အက်စ်ပိုစီတိုက ဆိုပါတယ်။



In fact, Philip Jenkins, professor of religion at Penn State University and author of Jesus Wars and Dark Passages, has argued that “the scriptures in the Qur’an are far less bloody and less violent than those in the Bible. There’s a specific kind of warfare laid down in the Bible which we can only call genocide.”
ဧကန်စင်စစ် ကုရ်အန်ကျမ်းပါ သွေးထွက်သံယိုမှုများ၊ အကြမ်းဖက်မှုများကို ဘိုင်ဘယ်လ်ကျမ်းစာမှာ ပါရှိမှုတွေနှင့် နှိုင်းယှဉ်မည်ဆိုပါက အင်မတန်မှပင် နည်းပါးပါတယ်လို့ “ခရစ်တော်၏ စစ်ပွဲများ စာအုပ်နှင့် နက်မှောင်သော ကာလများ ဆောင်းပါး”ကို ရေးသားသူ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တက္ကသိုလ် ဘာသာရေးပါမောက္ခ ဖိလစ် ဂျင်ကင်းစ်က ဆိုပါတယ်။



In the first book of Samuel, God instructs King Saul to attack the Amalekites: “And utterly destroy all that they have, and do not spare them,” God says through Samuel. “But kill man and woman, infant and nursing child, ox and sheep, camel and donkey.” When Saul failed to do that, God took away his kingdom.
ဆမ်မြူရယ်၏ ပထမကျမ်းစာအုပ်(ခရစ်ယန်ဓမ္မဟောင်းကျမ်း)အရ ထာဝရဘုရားရှင်က တမန်တော် ဆမ်မြူရယ်မှတဆင့် ရှောဘုရင်ကို အမာလက်လူမျိုးများကို တိုက်ခိုက်ရန် “သူတို့မှာ ရှိရှိသမျှ ယောင်္ကျားတွေ၊ မိန်းမတွေ၊ ကလေးငယ်တွေ၊ နို့စို့အရွယ် လူမမယ်လေးတွေ၊ နွားတွေ၊ သိုးတွေ၊ ကုလားအုပ်တွေ၊ မြည်းတွေအပါအဝင် အလုံးစုံကို တစိုးတစိ တစ်ယောက်မကျန် အကုန်အစင် ဖျက်ဆီး သတ်ဖြတ်ပစ်ကြလော့” ဟူ၍ အမိန့်တော် ချမှတ်ခဲ့လေ၏။ “ထာဝရဘုရားသခင်၏ အမိန့်တော်ကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် ထာဝရဘုရားသခင်က ရှောဘုရင်၏ နိုင်ငံတော်ကို ရုပ်သိမ်းတော်မူ၏။”




“In other words, Saul has committed a dreadful sin by failing to complete genocide. And that passage echoes through Christian history,” Jenkins has said. တ
နည်းအားဖြင့်ဆိုလျှင် “ရှောဘုရင်သည် ထာဝရဘုရားသခင်၏ အမိန့်တော်အရ လူမျိုးတုန်း သတ်ဖြတ်ရေးကို ပြီးမြောက်အောင် မဆောင်ရွက်ခဲ့ခြင်းအားဖြင့် ထာဝရဘုရားသခင်၏ အမိန့်တော်ကို ဖီဆန်ခြင်းဟူသော ပိုမိုကြီးမား ပြင်းထန်သော ပြစ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။” ယခုကဲ့သို့ သင်ကြားချက်မျိုးက ခရစ်ယာန် သမိုင်းတလျှောက်လုံးကို ပဲ့တင်ဖုံးလွှမ်းလျှက် ရှိနေခဲ့တယ်လို့ ပါမောက္ခ ဂျန်ကင်က ဆိုပါတယ်။




All these issues are best left to theologians and historians. But, lately, they’ve become part of our public discourse. In that context, it’s useful to remember that religions have always been used for both good and evil; that people in a democracy are free to practise their faith — within the rule of secular law; and that those violating the law, for religious or other reasons, will have the book thrown at them.
ဒီလိုပြသနာတွေ အားလုံးကို ဘာသာရေးပညာရှင်တွေ၊ သမိုင်းပညာရှင်တွေအတွက်သာ ထားရှိခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ သို့သော် အခုနောက်ပိုင်းကာလမှာ ဒီပြသနာတွေဟာ လူသာမန်တွေအကြားမှာ နေ့တဓူဝ ညင်းခုန်စရာ ဖြစ်လို့နေပါပြီ။ ဒီလိုဆိုရင်ဖြင့် ဘာသာရေးတွေဆိုတာ အကောင်းအတွက်ဖြစ်ဖြစ် အဆိုးအတွက်ဖြစ်ဖြစ် အစဉ် အသုံးချနိုင်ကြတယ် ဆိုတဲ့အချက်ကို မမေ့သင့်ကြပါဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ တရားဥပဒေအရ ပြည်သူတွေဟာ မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်။ ဒီရပိုင်ခွင့်တွေကို ဘာသာရေး အတွက်ကြောင့်ဖြစ်ဖြစ်၊ အခြားအကြောင်းတွေကြောင့်ဖြစ်ဖြစ်၊ ချိုးဖောက်သူတွေကို တရားဥပဒေကဘဲ ဆုံးမရမှာ ဖြစ်ပါတယ်။




These are statements of the obvious but they bear repeating in these highly charged times.
ဒါတွေက အင်မတန် သိသာထင်ရှားတဲ့ အချက်အလက်တွေဖြစ်ပေမဲ့၊ အချို့သူတွေအဖို့ကတော့ ခုလို အဆိပ်တက်နေတဲ့ ကာလမျိုးမှာ သိသိကြီးနှင့် မသိချင်ယောင်ဆောင်ကာ တမင် ထပ်တလဲလဲ ချိုးဖေါက် နေကြဆဲ ဖြစ်ပါတယ်။




hsiddiqui@thestar.ca

http://www.thestar.com/opinion/editorialopinion/article/859628--siddiqui-leave-quotation-of-sacred-texts-to-theologians





မှတ်ချက်။ ။ တိုက်ရိုက် လုံးကောက် ဘာသာပြန်ခြင်း မဟုတ်။ ဆီလျော်အောင် ဘာသာပြန်ခြင်းလည်း မဟုတ်။ မြန်မာစာကို မြန်မာတွေ ချောမွေ့စွာ နားလည်လွယ်အောင်၊ တတ်နိုင်သမျှ တိကျမှုလည်းဖြစ်အောင် စိတ်စေတနာမှန်ဖြင့် ပြန်ဆိုသည်။ စာဖတ်သူများကိုယ်တိုင် နှိုင်းယှဉ် ဆန်းစစ်နိုင်သည်။ လိုအပ်ချက်များ တွေ့ရှိပါက ဘာသာပြန်သူ၏ တာဝန်သာဖြစ်ပါသည်။



ကုရ်အန်ကျမ်းစာပိုဒ်များ၏ မြန်မာပြန်ကို ရှာဖွေပေးသော ဆရာဦးစိုးလွင်ကို အထူးကျေးဇူးတင်ပါသည်။ ကုရ်အန်မြန်မာပြန်နှင့် စပ်လျှဉ်း၍ မရှင်းလင်းသည်များ၊ ပိုမို သိရှိလိုသူများသည် ဆရာဦးစိုးလွင်ကို nyeinchan786@gmail.com (http://www.quraninburmese.com/index.shtml)တွင် ဆက်သွယ် မေးမြန်းနိုင်ပါသည်။



လေးစားစွာဖြင့်

ဘာသာပြန်သူ

အောင်တင်


September 12, 2010; The Toronto Star

Haroon Siddiqui (ဆောင်းပါးရှင်)

Sunday, March 7, 2010

The Robbers in Natural Disasters

Natural disasters are always difficult times for the victims to go through. For most people, they are traumatic experiences. In an earthquake of the large seismic magnitude that recently hit Haiti (January 12) and Chile (February 27) there is very little people could prepare against. Chile and Haiti were struck by earthquakes of magnitude 8.8 and 7.0, respectively. In spite of the progress that science has made in recent decades, we are still at the mercy of such natural disasters. Our best efforts can’t even predict earthquakes.

A preventive measure, therefore, has always been about how to minimize the effects of an earthquake. Preparedness and education are sure recipes for curtailing effects of such disasters. It is known that more people die from falling structures, heavy objects, beams, roofs, etc. than earthquake itself. The lighter the structures are the lower the casualties from an earthquake. As such, most modern states require strict building codes, e.g., so that buildings can withstand at least a 7.0 scale tremor. But as we know too well policies don’t necessarily translate into enforcement, and as such building codes are hardly followed in most third world countries where with the right kind of bribe and government connection almost anything can be bought and evaded. It is no surprise to learn that the death toll in Haiti may reach 300,000 while the comparable number in Chile may not even reach a thousand. This is interesting given the fact that the earthquake in Chile is the seventh strongest ever recorded in history, and was nearly hundred times stronger than that of Haiti. Credit there for less casualty goes to the slain President Salvador Allende of Chile who in 1972, a year before his overthrow in a CIA-coup, enforced strict seismic building codes. This revelation may come as a surprise to free market fundamentalists, the disciples of Milton Friedman -- who was opposed to any government regulation, seeing them as yet another infringement on capitalist freedom.

One of the most common features of such natural disasters has been the looting that follows. Very few people are left with enough supplies to meet their thirst and hunger. Thus, when disaster relief responses are slow in coming, everyone is for itself and many people turn into violence, looting stores and markets. Not surprisingly, we heard news reports filled with images of bands of men armed with rifles, metal stakes and hatchets stalking the streets of Port-au-Prince and the coastal city of Concepción, attacking firefighters, looting and burning supermarkets and adding an air of menace to the already tragic situation.

Politics, or more appropriately public diplomacy, is often difficult to be separated from natural disasters. Wherever disasters strike, the local government can become a casualty. Some wealthy nations don’t want to be seen as filthy, heartless, misers that don’t care about the plights of the victims and are, thus, often the first ones to send relief supplies. Some humanitarian gestures are outright hypocritical and insincere though. Consider the case of Israeli relief work during the recent Haiti crisis. There was so much publicity around the “humanitarian” activities of the Israeli (IDF) Medical Corps, providing first aid services to injured victims of the earthquake that we hardly heard anything about the sincere and noble work of the Medecins Sans Frontieres (Doctors Without Borders), let alone the Zakat Foundation of the USA or other relief agencies.

Haiti offered a picture perfect venue for Israel’s public diplomacy. Press officers from the Israeli military were flown in, as were photographers and a video team to document the work of Israeli medical and rescue personnel. They distributed daily footage to the press. “In Europe, Israel’s image is defined by the Goldstone report, so news items like those coming from Haiti can definitely help change that image,” said an Israeli official referring to the United Nations report that accused both Israel and Hamas of committing war crimes.1

As confirmed by the Israeli official, the Israeli relief effort in Haiti was a charade to hide Israel’s dirty past. Just about a year earlier, some 1500 Palestinians, a vast majority being unarmed civilians, were killed like cats and dogs in Gaza by the same IDF. The Goldstone Report, endorsed by the UN Human Rights Council, accused Israel of committing war crimes. The three-week long savage, genocidal blitzkrieg damaged or destroyed tens of thousands of homes, 15 of Gaza’s 27 hospitals and 43 of its 110 primary health care facilities, 800 water wells, 186 greenhouses, and nearly all of its 10,000 family farms; leaving 50,000 homeless, 400,000-500, 000 without running water, one million without electricity, and resulting in acute food shortages. If the Netanyahu government in Israel was sincere to help those in need it need not travel 10,500 kilometers to Haiti. Gaza is only half an hour away.

The blatant Israeli hypocrisy with Haiti’s relief work was not lost amongst conscientious journalists and activists though. Akiva Eldar, an Israeli columnist of the newspaper Haaretz, wrote on January 18, just a few days after the Haiti earthquake, “A few days before Israeli physicians rushed to save the lives of injured Haitians, the authorities at the Erez checkpoint prevented 17 people from passing through in order to get to a Ramallah hospital for urgent corneal transplant surgery.” “Perhaps they voted for Hamas. The remarkable identification (among Israelis) with the victims of the terrible tragedy in distant Haiti only underscores the indifference to the ongoing suffering of the people of Gaza,” he lamented, referring to Israel’s tight blockade of the territory.

Another group of people that rush into the territories that are hit by natural disasters are the missionaries – the soul-snatchers. And Haiti had her share of such visitors. Soon after George W. Bush’s invasion of Iraq that devastated the country in a Judeo-Christian orgy of mass murder and war crimes, destroying its entire infrastructure, putting the clock back to pre-Islamic Jahiliyah, we saw those missionaries doing their lord’s work amongst the victims with Arabic Bibles in their hands! Reportedly they had the blessing of Bush Jr., who claimed to have direct line with God. And before that we saw the Korean missionaries in Afghanistan with Dari and Pushto Bibles to salvage the “lost” Muslim souls! The Australian Baptist missionaries have drawn much notoriety for their declared goals to save the souls of Muslims in South Asia.

So, it was left to the American Baptists from Idaho to now work on the voodoo-ridden “lost” Christian souls of Haiti. The tele-evangelist Pat Robertson declared that the Haitians had brought the earthquake unto themselves by mixing voodoo religion with Christianity. He should explain this to the pure-bred Christian Armenians, Italians and (now) Chileans, or better yet, the Christian residents of California and New Orleans. Well, they may not be the right kind of Christians, in the dictionary of bigots like Pat!

What is so outrageous with the activities of these Idaho Baptist missionaries is that they tried to smuggle 33 children out of Haiti illegally. On 5 February ten missionaries were charged in Haiti with criminal association and kidnapping. The missionaries claimed they were rescuing orphaned children but investigations revealed that more than 20 of the children had been taken from their parents after they were told the children would have a better life in America. These parents were not told that their children would be put up for adoption. The children are now being cared for at the Austrian-run SOS Children's Village in Port-au-Prince. An official there, Patricia Vargas, said none of the children who are old enough to talk have said they were orphans.

As noted by Slate.com most of the children came from the quake-ravaged village of Callebas. Their stories contradicted Laura Silsby's (the group leader) account that the children came from collapsed orphanages or were handed over by distant relatives. She said the Americans believed they had all the paperwork needed — documents she said she obtained in the Dominican Republic — to take the children out of Haiti. She lied not only to the parents of those children, but also to the group's Dominican lawyer (they also have a Haitian one), who said only minutes before the charges were announced he was planning to charter a plane for the group's return to the United States.

New information has surfaced showing that Silsby is an Idaho businesswoman with a complicated financial history that involves complaints from employees over unpaid wages, state liens on a company bank account and lawsuits in small claims court. She defaulted last July on the mortgage on a house in an unfinished subdivision here in Meridian, a suburb of Boise, according to the Ada County Tax Assessor’s Office. Yet in November, Ms. Silsby registered a new nonprofit, the New Life Children’s Refuge, at the address of the house, which she bought in 2008 for $358,000. New Life Children’s Refuge is the name of the orphanage Ms. Silsby and the nine other Americans charged in Haiti said they had planned to establish in the Dominican Republic. Ms. Silsby and her business, Personal Shopper, which provides shopping services for Internet customers, have faced multiple legal claims. According to state records and officials, Personal Shopper has been named 14 times in complaints from employees over unpaid wages. Ms. Silsby lost the house in Meridian to foreclosure on Dec. 7, records show, and it now stands empty, with signs in the yard promoting a foreclosure sale.

Haiti's Prime Minister Jean-Max Bellerive has labelled the American missionaries "kidnappers" . American Baptists have requested the U.S. government to save the missionaries. Eight of the kidnappers have recently been released from the prison. Silsby and another kidnapper missionary remain behind the bar. According to Haitian lawyer Edwin Coq, each count of kidnapping carries a possible sentence of five to 15 years, while each charge of criminal association carries a sentence of anywhere between three to nine years. A verdict will likely be handed down in three months.

Many years ago, a Sufi Master told me that the missionaries are the enemies of mankind. From the reports I have since collected and read, his wisdom has only been confirmed. Jumo Kenyatta, the founder of Kenya, had a famous saying, “When the missionaries came to Africa we had land; they had the Bible. They asked us to pray with our eyes closed. When we opened them they had our land; we had the Bible."

Well, natural disasters are very attractive to robbers of all kinds – the local thugs that prey on the vulnerable people, the big brothers that want to white-wash their past crimes by robbing long-term memory of the suffering people with their petty donations and hypocritical gestures, and not to be forgotten in this context the charlatans that want to deflect our attention away from their killing fields – the Gaza, and the soul-snatching robbers – the missionaries. Lucky are those who can save themselves from such robbers in times of natural disasters!

Writer: Dr. Habib Siddiqui is a peace and human rights activist, and chairman of the Board of Directors of the Bangladesh Expatriate Council, USA. He writes from Pennsylvania. saeva@aol.com

၃ ဘာသာ ညီနောင်မှပေးသော အသိနှင့်သတိတရား

ဗုဒ္ဓဘာသာ
..............
ခုတလော အွန်လိုင်းပေါ်မှာ ဘာသာရေးကို အခြေခံပြီး ပုတ်ခတ်ပြောဆိုနေကြတာတွေ မြင်တွေ့နေရပါတယ်။ ဒါဟာအင်မတန်မှ အရုပ်ဆိုးအကြည်းတန်စေပါတယ်..။ ကိုးကွယ်မှုဆိုင်ရာဆိုင်ရာတွေမှာ သူ့ခံယူချက် သူ့ယုံကြည်ချက်တွေနဲ့ မြတ်နိုးကိုးကွယ်နေကြတာတွေ ရှိကြပါတယ်။ ကိုယ့်ယုံကြည်ကိုးကွယ်မှုကို ထိပါးပုတ်ခတ်လာတာတွေကို လက်သင့်ခံလို့မရသလို.. အခြားဘာသာတွေကို ပုတ်ခတ်စော်ကားမှု ပြုနေတာကိုလည်း အားပေးအားမြောက်ပြုဖို့ မလိုအပ်ပါဘူး။ အဓိကကတော့. ကိုယ်ကိုးကွယ်ယုံကြည်ရာဖြစ်တဲ့ ကိုယ့်သာသနာရဲ့တန်ဖိုးကို မြှင့်ပေးချင်တယ်ဆိုရင်.. မိမိကိုယ်တိုင်ပဲ မြင့်သထက်မြင့်လာအောင် စွမ်းဆောင်ပေးနိုင်စွမ်းရှိသလို.. နိမ့်ကျအောင်လုပ်မယ်ဆိုရင်လည်း မိမိကိုယ်တိုင်ပဲ နိမ့်ကျသထက် နိမ့်ကျအောင် လုပ်နေသလိုတွေ ဖြစ်နေတတ်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ အဲ့ဒါအဓိကအကြောင်းရင်းပါ။ အချို့တွေက ကိုယ့်သာသနာကိုထိလာရင် အရုပ်ဆိုးအကြည်းတန်စေတဲ့ စကားတွေနဲ့ ပြန်လည်ချေပတာတွေ ရှိတတ်ပါတယ်။ ဒါတွေဟာ သာသနာကို ချစ်နေသလိုလို.. ကာကွယ်နေသလိုလိုနဲ့ နိမ့်ကျသည်ထက် နိမ့်ကျအောင် လုပ်နေတာနဲ့ တူပါတယ်။ ဒါကိုတော့ ဗုဒ္ဓဘာသာတွေအနေနဲ့ အဓိကသိထားဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ ဘုရားရဲ့အဆုံးမအောက်မှာ ဘုရားရှင်ရဲ့ဆုံးမစကားတွေနဲ့ လိုက်နာကျင့်ကြံနေကြတဲ့သူတွေလို့ ပြောမယ်ဆိုရင် ဘုရားရှင်ဟာ ကျွန်တော်တို့တွေရဲ့ လက်ဦးဆရာလို့ ဆိုရမှာပါ။ ဒီတော့.. ကိုယ့်ရဲ့ဆရာရဲ့အဆုံးမတွေဟာ ဘာတွေလဲ.. ဘယ်လိုတွေ သင်ခဲ့လဲ.. ဘယ်လိုတွေ နေထိုင်ကျင့်ကြံဖို့ သင်ခဲ့လဲ ဆိုတာတွေနဲ့ နေထိုင်ပြုမူပြီး လိုက်နာကျင့်ကြံတတ်ဖို့လိုပါတယ်။ ဘုရားရှင် လက်ထက်တော်အခါတုန်းက.. ဘုရားရှင်ကို ထိပါးပုတ်ခတ်ယုံမျှ မကပါဘူးနော်.. အမျိုးမျိုး ဆဲရေးတိုင်းထွာတာတွေ.. အမျိုးမျိုး လုပ်ကြံသတ်ဖျတ်တာတွေ များစွာပါပဲ.. အဲ့ဒီ့များစွာတွေထဲမှာ ဘုရားရှင် ဘယ်လိုသာသနာပြုခဲ့သလဲ.. ဘယ်လိုမျိုး ပြုပြင်ဆုံးမပေးခဲ့သလဲ ဆိုတာလေးတွေကို မှတ်သားနှလုံးသွင်းဖို့ လိုအပ်ပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူ့အပေါ်တိုက်ခတ်မှုတွေ.. ဝေဖန်ပုတ်ခတ်မှုတွေ.. လုပ်ကြံသတ်ဖြတ်မှုတွေကို ဒီလိုမျိုး အကြည်းတန်စေတဲ့ စကားတွေနဲ့ ပြန်လည် ချေပရမယ်လို့များ ဟောပြဆုံးမခဲ့ပါသလား.. ဒီလိုထိပါးပုတ်ခတ်လာမှုတွေကို ဒီလိုပဲ မကြားဝင့်မနာသာ စကားတွေနဲ့ ပုတ်ခတ်ပြောဆိုပြစ်ရမယ်လို့များ ဆုံးမထားခဲ့ပါသလား။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ယုတ်ညံ့တဲ့စကားမျိုးတွေ ပြောဖို့နေနေသာသာ.. နှုတ်ကနေ လိမ်လည်ပြောဆိုမှုမျိုးကို တစ်ခွန်းတစ်ပါဒမျှ မပြုမှုခဲ့တဲ့အတွက် သုဂတ ဂုဏ်တော်နဲ့ ရှိခိုးကြည်ညို အပူဇော် ခံထိုက်နေတာပါ။ ဒီတော့.. ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေမှန်ရင်.. အားလုံးဟာ ဘုရားရှင်ရဲ့ တပည့်သားတွေပါပဲ.. ဘုရားရှင်ရဲ့အဆုံးမအောက်မှာ ရှင်သန်နေထိုင်တဲ့သူတွေဟာ ဒီလိုမျိုး နိမ့်ကျနေတဲ့စကားတွေနဲ့ ပြန်လည်ပုတ်ခတ်နေမယ်ဆိုရင်.. ဘုရားရှင်ရဲ့ အဆုံးမတွေကိုပါ နိမ့်ကျနေတယ်လို့ ပြောနေတာနဲ့ တူနေပါတယ်။ ဒီတော့ တခြားသူတွေ ဘယ်လောက်ရိုင်းရိုင်း တို့ဗုဒ္ဓဘာသာတွေ မရိုင်းဖို့လိုတယ်.. တခြားသူတွေဘယ်လောက် ပုတ်ခတ်ပုတ်ခတ်.. တို့ဗုဒ္ဓဘာသာတွေ မပုတ်ခတ်ဖို့လိုတယ် ဆိုတာလေး ပြောချင်မိပါတယ်။

ပုတ်ခတ်တဲ့သူတွေကို တဖက်ကပြန်ပြီး တွေးကြည့်မယ်ဆိုရင် သနားဖို့ကောင်းတဲ့လူတွေလို့ပဲ မြင်မိပါတယ်။ ဘုရားရှင်လက်ထက်တော်အခါတုန်းက ဘုရားရှင်ကို အမျိုးမျိုး လုပ်ကြံစွပ်စွဲပုတ်ခတ်ခဲ့တဲ့ ဒေ၀ဒတ္တ၊ ကိုယ်ဝန်ဟန်ဆောင်ပြီး စွပ်စွဲတဲ့ စိဉ္စမာနတို့လိုမျိုး အခြားအခြားသောပုဂ္ဂိုလ်တွေဟာ.. တကယ်တော့ သနားစရာတွေပါပဲ။ အတိတ်ကံရဲ့အကျိုးပေးတွေကိုက ဘုရားရဲ့အဆုံးမနဲ့ ဆန့်ကျင်ပြီး အတိုက်အခံလုပ်ဖို့ကံတွေ ပါလာခဲ့ရတာပါ။ “ပျက်စီးချိန်တန်လာလျှင် မည်သူကပင် သတိပေးပြောဆို တားမြစ် ဆုံးမပါသော်လည်း နားမ၀င်ဘဲ မိမိလုပ်သမျှ အပြုအမူ အနေအထိုင် အပြောအဆိုများကိုသာ အမှန်ထင်နေတတ်၏” ဆိုတဲ့ အဆုံးမအတိုင်းလို့ပဲ နှလုံးသွင်းရမှာပါပဲ။ “မောဟအမှောင် အားကြီးလာလျှင် အမေပြောလည်းမရ၊ အဖေပြောလည်းမရ၊ နောက်ဆုံး ဘုရားပြောသော်လည်း ရမည်မဟုတ်ပေ” ဆိုတဲ့ အတိုင်းပါပဲ.. ဘယ်လောက်ကြီးပဲ ကြည်ညိုထိုက်တဲ့ဂုဏ်တွေ.. ရိုသေလေးစားထိုက်တဲ့ဂုဏ်တွေ ရှိနေပါစေ.. ဘယ်လောက်ကြီးပဲ ကောင်းမွန်တဲ့လမ်းကြောင်းတွေ ပြောပြပြီးဆုံးမနေပါစေ.. မောဟအမှောင် အားကြီးလာရင်တော့ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်ပါဘူး..။ သူ့လမ်းကြောင်းသူ လျောက်နေတယ်လို့ပဲ နှလုံးသွင်းဆင်ခြင်ရမှာပါ။ ဒါကိုမှ ကိုယ်ကသွားပြီး မကြည်ညိုရကောင်းလား.. စော်ကားနေရတာလား ဆိုရင်တော့ သူ့ကိုအမှီပြုပြီး ကိုယ်ပါ အကုသိုလ် များစေနိုင်ပါတယ်။

ဆရာတော်တစ်ပါးဟောပြဆုံးမပေးတာလေး မှတ်သားမိပါတယ်.. “လူတစ်ယောက်နဲ့ ပြိုင်ပြီး ငြင်းဆိုပြောဆိုနေတာတွေ.. ဆဲရေးတိုင်းထွာပုတ်ခတ်နေတာတွေဟာ ကိုယ့်အဆင့်ကို သူနဲ့တန်းတူမညီ ညီအောင် လုပ်နေတာနဲ့ တူတယ်” ဆိုတဲ့ ဆုံးမစကားလေးပါ။ သူရိုင်းတိုင်း လိုက်ရိုင်းရရင် ကိုယ်ပါ လူရိုင်းဖြစ်သွားမယ်ဆိုတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ အဆုံးမအထိန်းကွပ် မရှိတဲ့ ဘာသာမဟုတ်ပါဘူး.. ဘုရားရှင်ရဲ့အဆုံးမအောက်မှာ နေထိုင်ကျင့်ကြံနေကြတဲ့ ဘာသာဝင်တွေပါ။ ဒီတော့ ဘုရားရှင်ရဲ့ အဆုံးမတွေကို မှန်ကန်ကြောင်း ပြချင်ရင်.. အဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံနေတဲ့သူတွေဟာ ဘယ်လောက်ထိ အဆုံးမအတိုင်း နေထိုင်နိုင်သလဲဆိုတာနဲ့ပဲ ဖော်ကျူးရမှာပါ။ ငါတို့အဆုံးမတွေက မှန်တယ်လို့ အော်နေစရာမလိုပါဘူး.. မှန်တာနဲ့ထိုက်တန်နိုင်အောင် နေထိုင်ပြနိုင်ဖို့ဟာ ပိုပြီး အရေးမကြီးပေဘူးလား..။ အဲ့ဒါဟာ အဓိကပါပဲ..။

နောက်တစ်ချက်အနေနဲ့ကတော့.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမခဲ့တဲ့.. “ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” ဆိုတဲ့ အဆုံးမလေးပါ။ ဒီတော့ ဘုရားရှင်ရဲ့အဆုံးမအတိုင်း ပြန်လည်စဉ်းစားတွေးခေါ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ပြန်လည်ဖြေရှင်းပေးရမယ့်သူ.. ဟောပြဆုံးမပေးရမယ့်သူဟာ ကိုယ်ပြောဆို ရှင်းလင်းပြတဲ့အမှန်တရားကို လက်သင့်ခံနိုင်တဲ့ဥာဏ်မျိုး ရှိတဲ့သူလား.. ဒါမှမဟုတ် ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူ့ရဲ့အမြင်တွေ အတွေးတွေ ပြောင်းလဲသွားနိုင်မှာလား ဆိုတဲ့အကြောင်းကို ဦးစွာစဉ်းစားဖို့ လိုအပ်တယ် ဆိုတာလေးပါ။ ကျွန်တော်ပြောတဲ့အထဲမှာ ဘုရားရဲ့အဆုံးမတွေကို ဒီအတိုင်း ပြီးစလွယ် ဘယ်သူစော်ကားနေနေ လက်ပိုက်ကြည့်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူးနော်.. ဟုတ်တိုင်းမှန်စွာ လက်ခံနိုင်တဲ့သူမျိုးဆိုရင်တော့ ဘုရားရှင် အဆုံးမအတိုင်း ပြောပြဆုံးမပေးပါ.. လက်မခံနိုင်တဲ့သူမျိုးဆိုရင်တော့ ဦးစွာစဉ်းစားချင့်ချိန်ပြီးမှ ပြောဆိုပါလို့ တိုက်တွန်းပါရစေ..။

ဒီအကြောင်းရာလေးကို ရေးရတာဟာ ဘယ်သူ့ဘယ်သူမှ ပုတ်ခတ်လိုပြီး ပြောလိုခြင်းမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်အများစုကို သတိထားပြီး လုပ်ကိုင်ပြောဆိုစေချင်တဲ့ သဘောလေးပါပဲ။ ကျွန်တော်တို့ သာသနာဟာ သူများပါးစပ်မှာတင် လမ်းဆုံးသွားမယ့်ဘာသာမျိုး မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ သူများ နှိမ့်ချတိုင်းလည်း မနိမ့်ကျနိုင်သလို.. သူများ ချီးမွမ်းတိုင်းလည်း သဘောကျနေရမယ့်ဘာသာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ နှုတ်ကထွက်လိုက်တဲ့ စကားတစ်ခွန်း.. ရေးသားလိုက်တဲ့ စာတစ်ကြောင်းဟာ ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ မဆန့်ကျင်နေဖို့ အဓိကလိုအပ်ပါတယ်။ ဘုရားရှင်ရဲ့ အဆုံးမနဲ့ ဆန့်ကျင်ပြီး လုပ်ကိုင်ပြောဆိုနေမယ့်အစား ဗုဒ္ဓဘာသာ မဟုတ်ဖူးလို့ ပြောလိုက်တာဟာ ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ်ပြောလိုက်တဲ့စကား.. ကိုယ်ရေးလိုက်တဲ့ အရေးသားတွေဟာ ဘုရားရှင်ရဲ့ အဆုံးမတွေကို ဖျက်ဆီးစော်ကားရာ ရောက်နေပါတယ်..။ ဒါ့ကြောင့် ဘုရားရှင်ရဲ့အဆုံးမတွေကို မိမိကိုယ်တိုင် ဖျက်ဆီးနေတဲ့သူမျိုး မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ အဓိက မှာလိုပါတယ်..။ ဘုရားရှင်ရဲ့သာသနာအတွက် ဘုရားရှင်ရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံခြင်းဖြင့် မိမိရဲ့ဘာသာသာသနာကို စောင့်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်..။ ကိုယ့်ကြောင့် ကိုယ့်သာသနာ… မနိမ့်

Source: http://forshwemyanmar.blogspot.com/2010/02/blog-post.html

Tuesday, January 26, 2010

ဘာသာရေးပဋိပက္ခဖြစ်အောင် တိုက်ခိုက်နေတဲ့ ဘလော့တွေ၊ မေးလ်တွေ ဘယ်ကလာသလဲ။ ရည်ရွယ်ချက်ရှိရှိနဲ့  ဖန်တီးနေတာတွေကို သတိမူကြပါ။

“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို
လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်”

(အသောကကျောက်စာ) ။
“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့်
အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်”
။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။

အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ ဒီနေ့ကမ္ဘာမှာလည်း တက္ကသိုလ်တွေကနေ ယုံကြည်ကိုးကွယ်မှုဆိုင်ရာတွေကို ညှိနိုင်းဆွေးနွေးတဲ့ ပြဌာန်းစာတွေ သင်ကြားပို့ချပြီး၊ လက်မှတ် certificate တွေ၊ ဘွဲ့ ဒီဂရီတွေ ပေးနေပါပြီ။ အောက်ဖေါ်ပြပါ ၀က်ဘ်ဆိုဒ်လင့်ခ်တွေကို ဖွင့်ကြည့်နိုင်ပါတယ်။ ဘာသာတရားတွေ သဟဇာတဖြစ်မှုကို ဒီနေ့ကမ္ဘာက သင်ကြားပေးနေပါပြီ။
certificate-course-in-interfaith- conflict-resolution

ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ နအဖက သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက်အနေနဲ့ နအဖက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးကို စစ်အစိုးရက ဘုရားဝမ်းဗိုက်ဖောက်ကာ ဌာပနာတွေကိုယူတာ ပြည်သူတွေသိသွားတဲ့အချိန်တုန်းကလည်း ကုလား -ဗမာအဓိကရုဏ်းလုပ်ပြီး လမ်းလွှဲခဲ့တာပါ။ မစိုးရိမ်တိုက်သစ်က ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အဖမ်းခံရတုန်းက အဖြစ်ပျက်တစ်ခုကို ပြန်ပြောပြချင်ပါတယ်။ ဦးဝီရသူ အဖမ်းခံရတော့ မစိုးရိမ်တိုက်သစ်က သံဃာတွေဟာ ဆန္ဒပြဖို့ ညကြီး ထွက်လာကြပါတယ်၊ မစိုးရိမ်တိုက်ဟောင်းက သံဃာတွေကို ထွက်လာဖို့ဆန္ဒပြဖို့  အစပြုတဲ့ သံဃာတွေက ခေါ်နေတုန်း၊ ဒီတီ DT ဆိုင်ကယ်နဲ့ ဒကာတစ်ယောက်ကလည်း သံဃာတွေထွက်လာဖို့ ၀ိုင်းစည်းရုံးပါတော့တယ်။ အဲဒီအချိန်မှာ ကျောင်းပတ်ဝန်းကျင်တွေမှာ စစ်တပ်ချထားပြီးပါပြီ။ သက်တော်ကြီး သံဃာတစ်ပါးက ဒီဆိုင်ကယ် ဘယ်လိုလုပ် ကျောင်းဝန်းထဲဝင်လာတာလည်း ဖမ်းစမ်းဆိုပြီး ဖမ်းခိုင်းတော့ အဆိုပါ ဆိုင်ကယ်သမားဟာ ထွက်ပြေးသွားပါတော့တယ်။
ဒီဆိုင်ကယ်သမားကို သိလားဟေ့လို့ မေးတော့ သံဃာတစ်ပါးက မစိုးရိမ်တိုက်သစ်က ဘုန်းကြီး ဦးဝါသေဋ္ဌ ကားမောင်းတဲ့ကောင်လို့ ပြောပါတယ်။ ဘုန်းကြီးတွေကြားထဲမှာ ထောက်လှမ်းရေးထည့်ထားတာပါ။ အဲဒီည ဆန္ဒပြပွဲမှာ စစ်တပ်ကပစ်လို့ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပါတယ်၊ သံဃာတစ်ချို့လည်း ဆေးရုံရောက်ခဲ့ပါတယ်။ အခုတော့ ဒီ ဆိုင်ကယ်သမား (ကားသမား) ဟာ ခင်ညွန့်တပည့်ဆိုတာ သံဃာတွေ အားလုံးက သိသလို၊ သူနေတဲ့ရပ်ကွက်ကလဲ သိနေပါတယ်၊ ခင်ညွန့်ပြုတ်တော့ သူလည်း ငုတ်တုပ်၊ အလုပ်မရှိ အကိုင်မရှိ၊ လူ့အမုန်းခံဘ၀မှာ ရောက်နေရှာတော့တယ်။ မစိုးရိမ်တိုက်သစ်က ဘုန်းကြီးတွေနားမှာ ကပ်နေတဲ့ ထောက်လှမ်းရေးတွေ ပေါ်ကုန်ပါတယ်။
အာဏာရှင်တွေ၊ နယ်ချဲ့တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းတွေဖြစ်တိုင်း လူမျိုးရေး သွေးခွဲတာတွေ၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင်လုပ်တာတွေဟာ သူတို့ရဲ့ ဗျူဟာတစ်ခုပါ။
အင်္ဂလိပ်လက်ထက်က ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်မှာလည်း နယ်ချဲ့ ကအင်္ဂလိပ်က၊ ကုလား - ဗမာ အဓိကရုဏ်း ဖန်တီးလိုက်လို့ ကျောင်းသားတွေ ငြိမ်အောင် အဲဒီတုန်းက သမ္မတလုပ်နေတဲ့ ဒေါက်တာဘမော်ကို ခေါ်ပြီး မိန့်ခွန်းပြော ထိန်းခိုင်းခဲ့ရတာတွေ ရှိခဲ့ဘူးပါတယ်။ ယခုအာဏာရှင်တွေက ဒီလို လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလိုအဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။ အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာလည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။
အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား - ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။
အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက်အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။ ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ ကတော့ ဒီလို စော်ကားဆန့် ကျင်ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့  လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့ မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကိုဖေါ်ထုတ်ကြရမှာပါ။
ယခုတစ်လောမှာ အင်တာနက်စာမျက်နှာတွေ အီးမေးလ်တွေမှာ စီဘောက်ထဲမှာ ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေမှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။
အင်တာနက်စာမျက်နှာထဲ အီးမေးတွေထဲ စီဘောက်တွေထဲမှာ ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့ သင့်ပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင်၊ လူမျိုးရေးမုန်းတီးမှုတွေဖြစ်အောင် ရေးသားနေတာ တွေ၊ ဘလော့တွေလုပ်နေတာတွေ၊ မေးလ်တွေ တွေ့နေရတာဟာ ဘယ်သူတွေလုပ်နေတာလဲဆိုတာ ဒီဆောင်းပါးက သိစေချင်တာပါ။ သံဃာ့ကိစ္စပေါ်တိုင်း အမြဲလက်ရှောင်နေတဲ့ နိုင်ငံတော်သံဃာမဟာနာယ အဖွဲ့ကို အာဏာရူးနအဖတွေက ဘာရည်ရွယ်ချက်နဲ့ဖွဲခဲ့သလဲဆိုတာ မီးမောင်းထိုးပြချင်တာပါ။ တကယ်တော့ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်တိုင်းမှာ စွမ်းရည်လည်းရှိ၊ ပညာလည်းပြည့်တဲ့ ဆရာတော်ကြီးတွေ အဆက်မပြတ်ပေါ်ခဲ့ပါတယ်၊ ဒီလူသားအရင်းမြစ်တွေကိုအုပ်ချုပ်သူအဆက်ဆက်တို့ ညံ့ဖြင်းမှုကြောင့် တတိယ သံဃာယနာတင် ဥက္ကဋ္ဌ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်တို့လို ဘုရင့်သားတော် သမီးတော်တွေကို သာသနာ့ဘောင်မှာ တာဝန်ပေးနိုင်သော၊ နိုင်ငံ၏ ပေါ်လစီတွေနဲ့ နိုင်ငံအသီးသီးကို ဗုဒ္ဓသာသနာပြန့်အောင် လုပ်နိုင်သော၊ အုပ်ချုပ်သူတို့ကို ဆုံးမနိုင်သော ဆရာတော်များ အခုချိန်ထိ မပေါ်ပေါက်သေးပါကြောင်းလည်း ရေးသားတင်ပြအပ်ပါတယ်။
ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေအပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့ သော ဆန့် ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန်အကာကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံနဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခမဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေဖေါ်ထုတ်ကြဖို အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
အရှင်ရာဟုလာ (မစိုးရိမ်) ။


Original source : http://www.niknayman-niknayman.co.cc/2010/01/blog-
post_21.html

ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုကြီးသို့ ပန်ကြားချက်

မြန်မာမွတ်စလင်များ ယုံကြည်ကိုးကွယ်သော အစ္စလာမ်သာသနာကို ရင့်ရင့်သီးသီး ပုံဖျက် နှိမ့်ချစော်ကားသော မြန်မာဘလောဂ်များ အများအပြား ပေါ်ပေါက်တည်ရှိနေခြင်းအတွက် မြန်မာမွတ်စလင်များ စိတ်ဆင်းရဲခြင်းကြီးစွာ ခံစားနေရသည်မှာ ကာလရှည်ကြာပြီ ဖြစ်ပါသည်။

ယခုတဖန် မြန်မာပြည်သူအများစုကြီးက ယုံကြည်ကိုးကွယ်သော ဗုဒ္ဓသာသနာကို အခြေအမြစ်မဲ့၊ အထောက်အထားမဲ့၊ ရိုင်းပြစော်ကားသော မြန်မာဘလောဂ် ပေါ်ထွက်လာပြန်သဖြင့် ဗုဒ္ဓဘာသာဝင်များ စိတ်လက် မချမ်းမမြေ့ဖြစ်ကာ သောကရောက်နေရပြန်ပါသည်။

သူတစ်ပါး ယုံကြည်ကိုးကွယ်သော သာသနာတစ်ရပ်ကို လေးစားရကောင်းမှန်း မသိသူများသည် မိမိ၏ သာသနာတော်ကိုလည်း မလေးစားသူများဖြစ်ပါ၏။ အခြားသာသနာကို စော်ကားနှိမ့်ချသူတတ်များသည် မိမိသာသနာ၏ ဂုဏ်ကျက်သရေကို ယုတ်လျော့ စေကြသူများလည်း ဖြစ်ပါ၏။ ထိုသူများသည် မိမိ၏ သာသနာကို အမှန်တကယ် ယုံကြည်ကိုးကွယ်သူများ မှန်ပါက မိမိသာသနာက အခြားသာသနာများနှင့် လူသားများကို စော်ကားနှိမ့်ချခွင့် မပြုသည့် အဆုံးအမကို သိရှိထားရမည် ဖြစ်ပါသည်။

အစ္စလာမ်သာသနာကို နှိမ့်ချစော်ကားသောအခါ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများ စိတ်မချမ်းမမြေ့ ဖြစ်ကြသကဲ့သို့ ဗုဒ္ဓသာသနာကို နှိမ့်ချစော်ကားသောအခါ အစ္စလာမ်ဘာသာဝင် မြန်မာပြည်သူများ ထပ်တူ စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ အထူးသဖြင့် စစ်အာဏာရှင်များက မိမိအကြပ်အတည်းမှ ထွက်ပေါက်အဖြစ်သော်၎င်း၊ မညီမညွတ်သော ပြည်သူများကို သွေးခွဲအုပ်ချုပ်ရသည်က ပိုမိုလွယ်ကူသဖြင့်၎င်း၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုံးများကို အစဉ်အဆက် ဖန်တီးလှုံ့ဆော်ခဲ့သည်များကို မမေ့လျော့သင့်ကြစေလိုပါသည်။

လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ခွဲခြားဖိနှိပ်မှုများဖြင့် ဗမာအပါအ၀င် တိုင်းရင်းသားများအကြား မညီမညွတ်မှုကို ဖန်တီးကာ စစ်အာဏာရှင် သက်ဆိုးရှည်ခဲ့သည်မှာလည်း ရာစုနှစ်တစ်ဝက်တိုင်တော့မည် ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကြောင့် စစ်ဗိုလ်ချုပ်များသာ ချမ်းသာသွားပြီး၊ တစ်နိုင်ငံလုံး ဆင်းရဲဒုက္ခရောက်ကြကာ ထိစပ်သော အိမ်နီးချင်းနိုင်ငံဟူသမျှတွင် ကျနော်တို့၏ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများသည် ကူလီ၊ အိမ်ဖေါ်ဘ၀နှင့် မျက်နှာငယ်နေကြရသည်။ အမျိုးချစ်သူ၊ တိုင်းပြည်ချစ်သူမှန်လျှင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို အထောက်အကူ မပြုသင့်ကြပါ။

ထို့ကြောင့် စစ်အာဏာရှင်စနစ်၏ အဓိက ရေသောက်မြစ်တစ်ခုဖြစ်သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖန်တီးလှုံ့ဆော်နေသူများကို ဒီမိုကရေစီအင်အားစုများက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ စုစည်းညီညွတ်မှုဖြင့် ထိရောက်စွာ ဖေါ်ထုတ်ဟန့်တားကြပါရန် မြန်မာမွတ်စလင် အစည်းအရုံးကြီးက လေးနက်စွာ တိုက်တွန်းအပ်ပါသည်။


မြန်မာမွတ်စလင် အစည်းအရုံး ဇန္န၀ါရီလ ၂၅၊ ၂၀၁၀

ဆက်သွယ်ရန် ကိုကျော်စွာ
+44 782 8426 801,
kyawzwaunion@yahoo.co.uk