Sunday, October 11, 2009

ယူအိုင်အေ မြန်မာမွတ်စ်လင်မ် မိသားစု တွေ့ဆုံဆွေးနွေးပွဲ (၁)



မပြတ်မစဲသနားကြင်နာတော်မူသော၊ အနန္တဂရုတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏

မလေးရှားနိုင်ငံရှိ International Islamic University Malaysia (IIUM) တွင် တက်ရောက်ပညာသင်ကြား နေကြသော မြန်မာမွတ်စလင်မ်မိသားစုဝင် များ၏ တွေ့ဆုံပွဲအခမ်းအနား(IIUM Family Gathering) ကို ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် ( တနင်္ဂနွေ )၌ နေ့လည် ၂:၀၀ မှ ညနေ ၅း၀၀ အထိကျင်းပခဲ့ပါသည်။ အမျိုးသား ( ၁၉) နှင့် အမျိုးသမီး ( ၁၀) တက်ရောက်ခဲ့ကြပါတယ်။

ထိုတွေ့ဆုံပွဲ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် Brother Usman Ghani မှဆောင်ရွက်ခဲ့ကာ အခမ်းအနားကို အစီအစဉ် ( ၁၂)ရပ် ဖြင့်ကျင်းပခဲ့ပါသည်။ အခမ်းအနားအစီအစဉ် (၁)အရ အခမ်းအနားမှူးမှ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း၊ အခမ်းအနား အစီအစဉ်(၂)အရ အခမ်းအနားကို Brother Akthir မှ ကိရာအသ်ဖတ်ကာဖွင့်လှစ်ခြင်း၊ အခမ်းအနားအစီအစဉ် (၃) အရ IIUM ၏ကျောင်းသားတစ်ဦးဖြစ်သူ Brother Yunus မှ ကျောင်းသူကျောင်းသားများ မှတ်သားနာယူနိုင်ရန်၊ တစ်ယောက်နှင့်တစ်ယောက် ညီရင်းအစ်ကိုမောင်ရင်းနှမသဖွယ် ရိုင်းပင်းကူညီတတ်စေရန်၊ စစ်မှန်သော အီမာန်ရှင်ဖြစ်စေရန် ရည်ရွယ်ကာ “ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်” ဟူသောခေါင်းစဉ်ဖြင့် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ် အထောက်အထားများကို ကိုးကားပြီး ဆွေးနွေးတင်ပြသွားပါတယ်။ ထို့နောက်တွင်မူအခမ်းအနားအစီအစဉ် (၄)အရ Brother Salman မှ ဟူသောခေါင်းစဉ်ကို ဆွေးနွေးတင်ပြကာ အခမ်းအနားအစီအစဉ် (၅)အရ Multimedia အစီအစဉ်ကိုထည့်သွင်းခဲ့ပါတယ်။ အခမ်းအနားအစီအစဉ် (၇)အရ Brother Bashir မှ အာဇန်ဖြစ်ပေါ်လာပုံ၊ အာဇန်၏အရေးကြီးပုံ နှင့် အာဇန်နှင့်ပက်သက်သော သိမှတ်ဖွယ်ရာတို့ကို ဆွေးနွေးတင်ပြသွားပါတယ်။ တဖန် အခမ်းအနားအစီအစဉ်(၈)အရ မြန်မာကျောင်းသားများ၏ လှုပ်ရှားမှုများကို Projector ဖြင့်ပြသခဲ့ကာ အခမ်းအနားအစီအစဉ် (၉) အနေနဲ့ Brother Marmon Rashid မှ အမိန့်နာခံသူ အစ္စလာမ်တစ်ယောက်အနေဖြင့် နာခံခြင်း၏ သဘောတရားများ၊ အရေးကြီးပုံများကို သိရှိနားလည်စေရန်အတွက် ဆွေးနွေးတင်ပြခဲ့ပါတယ်။ အခမ်းအနားအစီအစဉ် (၁၀)အနေဖြင့် CFS မှကျောင်းသားကျောင်းသူများ၏ ရမသွာန်လ၀ါဖြေပွဲ(Iftar)များအကြောင်း၊ သူတို့၏လှုပ်ရှားမှုများအကြောင်း ကို CFS မှကျောင်းသူတစ်ဦးဖြစ်သူ Sister Salmah မှစိတ်ဝင်စားဖွယ် တင်ပြသွားပါတယ်။ အခမ်းအနားအစီအစဉ်(၁၁)အရ လက်ရှိကျောင်းတွင် Master လုပ်နေသူတစ်ဦးလဲဖြစ်၊ စာသင်နေသောဆရာတစ်ဦးလဲဖြစ်သူ ဆရာအက်ဘရ်ရှား က အမာနသ်နှင့်ပက်သက်သည့် မှတ်သားဖွယ်ရာများ၊ မိဘများနှင့်ခွဲပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ ပညာဆည်းပူးနေကြသည့် ကျောင်းသားကျောင်းသူများ အနေုဖြင့် ပညာရေးနှင့် ပက်သက်သည့် မှတ်သားဖွယ်ရာများ၊ ကိုယ့်ကိုကိုယ် စောင့်ရှောက်တတ်စေရန် လိုက်နာရမည့်အချက်များ အပြင် အစ္စလာမ်တွင် သစ္စာတရား၏ အရေးကြီးပုံများကိုလည်း မှတ်သားနာယူဖွယ် ဆွေးနွေးတင်ပြသွားပါတယ်။

ထို့နောက်တွင်တော့ နောက်ဆက်လုပ်မည့် တွေ့ဆုံပွဲ၊ ဗဟုသုတနှီးနှောဖလှယ်ပွဲ များနှင့် ပက်သက်သည်များအကြောင်း ဆွေးနွေးခဲ့ကာ အခမ်းအနား အစီအစဉ် (၁၂) အရအခမ်းအနားကို ဆုမွန်ဒိုအာဖြင့် ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက်တွင်မူ နောက်ဆက်တွဲ အစီအစဉ်များအနေဖြင့် တက်ရောက်လာသူများအားလုံး စုပေါင်းဓာတ်ပုံရိုက်ကြပြီးနောက် လက်ဖက်ရည်နှင့် မုန့်တို့ဖြင့်တည်ခင်းခဲ့ကာ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

အစီအစဉ်များအား မှတ်တမ်းတင်သူ ရှရီဖဟ်(I.I.U.M)