Monday, May 18, 2009

အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗုဒ္ဓဘာသာ

အင်ဒိုနီးရှားနှင့်မလေးရှားတို့တွင်ဗုဒ္ဓဘာသာမထွန်းကားမီကခြားဘာသာကိုးကွယ်ခဲ့သည်။
ထို့နောက် ဗုဒ္ဓဘာသာကိုးကွယ်မှုရှိခဲ့သည်။
ထို့နောက်အစ္စလာမ်ဘာသာပေါ်ထွန်းလာသော အခါတွင်
အစ္စလာမ်ဘာသာကိုးကွယ်မှုရှိလာပြန်သည်။ ယင်းကိစ္စမှာ ထိုဒေသခံလူတို့၏
နှလုံးသားရေးရာ ပြဿနာဖြစ်ပါသည်။ ၄င်းတို့အနေဖြင့် အချိန်မရွေး
ဗုဒ္ဓဘာသာပြန်လည် ကိုးကွယ်နိုင်ကြသည်။
အခြားဘာသာတစ်ခုသို့လည်းကူးပြောင်းနိုင်ကြပေသည်။ အစ္စလာမ် သာသနာအတွင်း၌သာ
နေကြရမည်ဟု ထားမြစ်ချက် တစ်စုံတစ်ရာအလျဉ်းမရှိပါ။ ဘာသာပြောင်းက ထိုသူကို
သတ်ရမည်ဟူသော ကုရ်အာန်၏ ပြဌာန်းချက် အလျဉ်းမရှိပါ။
အလားတူ မြန်မာနိုင်ငံတွင်လည်း မည်သည့်ဘာသာသသနာမျှ မပေါ်ပေါက်ခဲ့ပါ။ နတ်
ကိုးကွယ်မှုသာရှိခဲ့ပါသည်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန် ဘာသာ နှင့်
ဟိန္ဒူ ဘာသာအားလုံးမှာ ပြည်ပမှဝင်ရောက်လာခဲ့ခြင်းသာ ဖြစ်ပါသည်။ အိန္ဒိယမှ
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသို့ ၀င်ရာက်လာခြင်း ကြောင့်
ထိုစဉ်ကဒေသခံမြန်မာပြည်သူတို့က ငါတို့၏ ယုံကြည်ချက်ကို
လာရောက်ဖျက်ဆီးသည်ဟု မှတ်တမ်းတင်၍မရချေ။ ပုဂံသို့ သထုံမှ ထေရ၀ါဒ
ဗုဒ္ဓဘာသာမရောက်မီကတည်းက အာရဗ်မွတ်စလင်မ်မင်းမှုထမ်းများ ရှိနေကြ
ပြီဖြစ်ပါသည်။ ပုဂံခေတ်ကျောက်စာများ၌ ပသီ (ပန်သိယ်) နှင့်
ကုလလူမျိုးတို့အကြောင်း ရှိနေပြီဖြစ်သည်။ # အနော်ရထာမင်းထံ၌ ပသီသေနတ်တပ်
ရှိနေပြီဖြစ်သည်။ ## ထို့အတူ သထုံ မနူဟာမင်းထံမှ ပိဋကတ်သုံးပုံပင့်ရန်
မြို့တံခါးပွင့်အောင်ပြုခဲ့သူမှာ ပုဂံသူရဲကောင်း အာရဗ်ခြေမြန်တော်
ဗျတ္တဖြစ်သည်။ @ ထို့အတူ တရုတ်ပြည်မှ ဗုဒ္ဓစွယ်တော်ပင့်ရာတွင်
မြို့တခါးပွင့်အောင် ပြုခဲ့သူများမှာ ဗျတ္တ၏ သားများဖြစ်သော
ရွှေဖျင်းညီနောင် တို့သာဖြစ်ပါသည်။
ပဒေသရာဇ်ခေတ်တါင် တစ်ပြည်နှင့်တစ်ပြည်
ဘုရင်များတိုက်ခိုက်သိမ်းသွင်းခြင်းမှာ မဆန်းပါ။ မြန်မာတို့သည်လည်း
မဏိပူရ၊ အာသံ၊ စစ်တကောင်း၊ ယိုးဒယား၊ ဇင်းမယ်တို့ ကို
တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။
ထိုအတူ အိန္ဒိယတွင် အာရိယန်များ၊ ဟိန္ဒူမင်းများ၊ ဗုဒ္ဓဘာသာမင်းများ၊
မွတ်စလင်မင်းများ အဆက်ဆက်အုပ်ချုပ်ခဲ့သည် မှာမဆန်းပါ။ အိန္ဒိယတွင်
ဗုဒ္ဓဘာသာထွန်းကားလာမှုကြောင့် ဟိန္ဒိဘာသာဝင်တို့က မုန်းစရာအကြောင်းမရှိပါ။
ထိုအတူ အစ္စလာမ်ကို လူအချို့လက်ခံ လာခဲ့ခြင်းကြောင့် ကျန်သူများ
မုန်းစရာမရှိ။
အိန္ဒိယတွင် ဗုဒ္ဓဘာသာကွယ်ပျောက်ရနမ် မွတ်စလင်မ်တို့ပြုလုပ်ခဲ့ခြင်းလည်း
မဟုတ်ချေ။ သမိုင်းနားမလည်သူတစ်ချို့၏ စွပ်စွဲချက်သာဖြစ်ပါလိမ့်မည်။
အာရေဗျ၌ မုဟမ္မသခင် မမွေးဖွားမီ (အေဒီ ၅၇၀) အလျင်ကပင် အိန္ဒိယ၌
ဗောဓိညောင်ပင် နုတ်ခံရခြင်း၊ နာလန္ဒ တက္ကသိုလ်ဖျက်ဆီးခံရခြင်း၊ ရဟန်းများ
သတ်ခံရခြင်းတို့ဖြစ်ခဲ့ပါသည်။ ယင်းကိစ္စကို မွတ်စလင်မ်တို့ခေါင်း
အကြွင်းမဲ့ပုံချခြင်းမှာ လုပ်ကြံလိမ်လည်မှုသာဖြစ်ပါသည်။
သံဃာဂိုဏ်းများစွာကွဲခြင်း၊ သာသနာဖျက် ရဟန်းယုတ်များပေါ်ခဲ့ခြင်း၊
ဟိန္ဒိုဗြဟ္မာဏ၀ါဒ ပြန်လည်အားကောင်းလာခြင်းတို့သည် အိန္ဒိယ၌
ဗုဒ္ဓဘာသာကွယ်ပျောက်ရခြင်း အဓိက အကြောင်းအရင်းများသာဖြစ်ပါသည်။
မွတ်စလင်မ်များအိန္ဒိယသို့ ရောက်သောအခါ အေဒီ (၁၂) ရာစုတွင် အိန္ဒိယတွင်
ဗုဒ္ဓဘာသာမှေးမှိန်နေပြီဖြစ်ပါ၍ သီဟို နှင့် အနောက်ဘင်္ဂလား တစ်ဝှက်တွင်သာ
ရှိပါတော့သည်။ ယင်းအကြောင်းကို ဟိန္ဒူပါမောက္ခများရေးသားသော သမိုင်းများ၊
တရုတ်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ အိန္ဒိယပြည် ခရီးသွားမှတ်တမ်းများ၌
ဖော်ပြထားပြီးဖြစ်ပါသည်။
Ref: (1) Professor R.C Majundar “ ANCIENT INDIA”
Delhi, Motilal Banarisdass, pp. 165-157, 427-429
(2) Encyclopaedia Bntannica, “Decline of Buddhism in India” Vol 4,
1768, Williamm Beton, P . 357
(3) Taya Zinkin, “INDIA”
Newyork, Walker and company, pp.23-27
အကယ်၍သာ အိန္ဒိယတွင် လျှမ်းလျှမ်းတောက်နှစ်ပေါင်းများစွာ စိုးစံခဲ့သော
ဒေလီစူလ်တန် နှင့် မွန်ဂိုအင်ပါယာကြီး၏ မွတ်စလင်မ်မင်းတို့
အဓမ္မပြုခဲ့ကြပါလျှင် ယနေ့ဗုဒ္ဓဂါယာနေရာ ပျောက်ဆုံးပြီး ယင်းနေရာတွင်
ဗလီကြီးများကိုသာ တွေ့မြင်ရပါလိမ့်မည်။
ကမ္ဘာ့သမိုင်းတွင် ဘဂ္ဂဒက်ယဉ်ကျေးမှုကြီးကို မွန်ဂိုတို့က သွေးချောင်းစီးမျှ
ကျူးကျော် ဖျက်စီးခဲ့ကြပါသည်။ ထိုစဉ်ကမွန်ဂိုတို့အတွင်း၌
နတ်ကိုးကွယ်သူများနှင့် မဟာယာန ဗုဒ္ဓဘာသာအယူရှိသူများလည်း ရှိကြပါသည်။
ထိုအတူ မွတ်စလင်မ်တို့၏ စပိန်ယဉ်ကျေးမှုသွေးချောင်းစီး
ဖျက်စီးခံခဲ့ရပါသည်။
ဆိုဗီယက်ရုရှား၊ တရုတ်ပြည်နှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသများရှိ
ကွန်မြူနစ်ဝါဒ အောက်တွင် မွတ်စလင်မ်တို့
အလူးအလိမ့်ဖိနှိပ်ချုပ်ချယ်ခံခဲ့ကြရပြီး သေခဲ့ကြရသည်၊ စီးပွား
ပျက်ခဲ့ကြရသည်။ သို့သော် မွတ်စလင်မ်တို့၏ ခိုင်မာသောယုံကြည်ချက်ကြောင့်
ယခုအခါ ကွန်မြူနစ်ဝါဒ မှေးမှိန်လာခဲ့ပြီး ၄င်းတို့မှာ
မွတ်စလင်မ်အဖြစ်ရပ်တည်နိုင်ကြပေ သည်။ မည်သည့်လူအစုအဝေးမဆို မိမိတို့၏
ခိုင်မာသောယုံကြည်ချက်ကို မည်သည့်အင်အားစုကမျှ ဖျက်စီးနိုင်မည်မဟုတ်ပေ။
ကျမ်းမြတ်ကုရ်အာန်၏ သွန်သင်ချက်မှာ-
(၁) ကမ္ဘာ့လူသားအားလုံးသည် မိသားစုကြီးတစ်ခုဖြစ်သည်။ (၄၉း ၁၃)
(၂) လူမျိုးတစ်မျိုးက အခြားတစ်မျိုးအား နှိမ့်ချခေါ်ဝေါ်ဆက်ဆံခြင်းမပြုရ။ (၄၉း၁၁-၁၂)
(၃) အခြားဘာသာတရား၏ အကြီးအကဲများကို စော်ကားပြောဆိုခြင်းမပြုရ။(၆း၁၀၉)
(၄) သာမန်အားဖြင့် မွတ်စလင်မ်အကြီးအာဏာပိုင်များအနေဖြင့်
အခြားဘာသာဝင်တို့၏ ၀တ်ကျောင်းတော်များကိစ္စတွင်ဝင်ရောက်စွက်ဖက်ခွင့်မရှိ၊
သို့သော် လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့်ကို အသိအမှတ်ပြုသောအားဖြင့်
လူယုတ်မာတို့က အခြားဘာသာဝင်တို့၏ ကျောင်းကန် များကိုဖျက်ဆီးလျင်
ကာကွယ်မှုပေးကြရမည်။ (၂၂း၄၀)
ထို့ကြောင့် အစ္စလာမဘာသာအနေဖြင့် အခြားဘာသာများကို စော်ကားရန်၊
ဝတ်ကျောင်း တော်များကို ဖိက်ဆီးရန် သွန်သင်ချက်မရှိပါ။
# (က)ဒေါက်တာသန်းထွန်း `မန္တလေးသနိုင်း သုတေသန (၃)
`လုပ်သားပြည်သူ့နေစဉ်သီတင်းစာ (၁၈-၁- ၉၆) စာ-၆
(ခ) သမိုင်းလက်ထောက်ကထိက ဒေါ်တင့်စိန် `ကုန်းဘောင်ခေတ်ယဉ်ကျေးမှုနိဒါန်း
`တက္ကသိုလ်ပညာ ပဒေသာစာစောင်၊ အတွဲ ၁၃ အပိုင်း ၄ စာ ၇၅။
## ဟံသာဝတီ ဦးဘရင် ``မြန်မာ့ယဉ်ကျေးမှုနှင့် လယ်သမားရေးရာ´´ ရန်ကုန်၊
ပြည်သူ့အလင်းစာပေတိုက်၊ ၁၉၆၇၊သြဂုတ်လ၊စာ-၂၅။
@ဒေါက်တာခင်မောင်ညွန့် ``တိုင်းရင်းသားယဉ်ကျေးမှုပဒေသာ´´၊
သုတစာပေစာတမ်းများ (ပထမတွဲ)၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၈၀၊ စာ-၈၇။
(ခ)မှန်နန်းရာဇ၀င်တော်ကြီး၊ ရန်ကုန်၊ သီတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊
၁၉၉၂၊ စာ-၂၄၄-၂၄၇။
ဤစာအား ဦးမြင့်သိန်း (အစ္စလာမ်ဓမ္မသတ်မှူး-မုဖ်သီ)
(စာရေးဆရာငြိမ်းချမ်းလုလင်)
မှ ၁၉၉၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) တွင်
(က) ဥက္ကဌ ဆရာတော်
(ခ) အကျိုးတော်ဆောင်ချုပ် ဆရာတော်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။ သို့လိပ်မူပေးပို့သော စာမှ ကောက်နုတ်တင်ပြအပ်ပါသည်။

Tuesday, May 5, 2009

Perception Story

One day, the father of a very wealthy family took his son on a trip to the countryside with the express purpose of showing him how poor people live.

They spent a couple of days and nights on the farm of what would be considered a very poor family.

On their return from their trip, the father asked his son, "How was the trip?"

"It was great, Dad."

"Did you see how poor people live?" the father asked.

"Oh yeah," said the son.

"So, tell me, what you learned from the trip?" asked the father.

The son answered:

"I saw that we have one dog and they had four.

We have a pool that reaches to the middle of our garden and they have a creek that has no end.

We have imported lanterns in our garden and they have the stars at night.

Our patio reaches to the front yard and they have the whole horizon.

We have a small piece of land to live on and they have fields that go beyond our sight.

We have servants who serve us, but they serve others.

We buy our food, but they grow theirs.

We have walls around our property to protect us, they have friends to protect them."

The boy's father was speechless.

Then his son added, “Thanks Dad for showing me how poor we are."



Doesn't perception matter?

If we all saw everything the same way, there is hardly anything to learn

Next time when someone disagrees with you, remember that it is an opportunity to learn a new perception.

Friday, March 27, 2009

ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ဘုန်းတော်ကြီးများနှင့်အတူ မွတ်စလင်မ်တစ်ဦး

ဒီနေ့တော့ PTA အဖွဲ့အနေဖြင့် နောက်ဆုံးသိရှိရတဲ့ နအဖ အာဏာရူး စစ်ဘီလူးတွေကြံစည်နေတဲ့ ဘာသာရေးအဓိကရုဏ် ဖန်တီးမှုသတင်းတွေကိုပဲ ထပ်မံပေးပို့လိုက်ပါတယ်။ အခုအခါတွင် အာဏာရူးငမိုက်သားတွေဟာ အစ္စလာမ်ဘာသာကို စော်ကားတဲ့ Email များကို ပေးပို့ခြင်းဖြင့် ၄င်းတို့ရဲ့ လုပ်ရပ်တွေကို မအောင်မမြင်ဖြစ်နေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ဟိုးအရင်က မြန်မာပြည်မှာ မမှတ်သားနိုင်လောက်အောင်ကို ဘာသာရေးနှိပ်ကွပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ တောင်ပေါ်မြေပြန့် တမျိုးစီ ဖန်တီးခဲ့တာပါ။

တောင်ပေါ်မှာဆိုရင် ခရစ်ယာန်တွေကို အတင်းအဓမ္မ ဘာသာပြောင်းခိုင်းတယ်။ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတယ်။ သံဃာအယောင်ဆောင်တဲ့ စစ်သားရိုင်းတွေဟာ ခါးမှာသေနတ်ချိတ်ပြီး ငြိမ်းချမ်းတဲ့ ဗုဒ္ဓရဲ့ လမ်းစဉ်ကို အကြမ်းဖက်တဲ့ပုံစံနဲ့ စည်းရုံးခဲ့ကြတယ်။ မြေပြန့်မှာဆိုရင်လည်း မွတ်စလင်မ်တွေကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတာ အထူးပြောစရာမလိုလောက်အောင်ကို အားလုံးမြင်နေရတဲ့အတိုင်းပါပဲ။ ပေါ်လွင်တာတွေကိုကြည့်မယ်ဆိုရင်တော့ 1997 မှာ စစ်သားတွေ မန္တလေးက မဟာမြတ်မုနိရုပ်ပွားတော်ရဲ့ ဋ္ဌာပနာတော်တွေကို ဘုရားဖူးချင်ယောင်ဆောင်ပြီး ဖောက်ခိုးကြတာကို သံဃာတွေမြင်တွေ့သွားပြီး လူစုများလာတော့ ဗလီတွေကိုဖျက်ဖို့ ညတွင်းချင်းပဲ နန်းတွင်းထဲမှာ ကြံဖွတ်ခွေး(ထိုအချိန်က စွမ်းအားခွေးတွေမပေါ်သေးပါ)100လောက်ကို ကတုံးရိတ်၊ သင်္ကန်းတုတွေဝတ်ပေးပြီး ထောင်သား အယောက်200ကျော်နဲ့ ပူးပေါင်းပြီး ဒေသအသီးသီးကိုလွတ်၍ ဗလီတွေကို ဖျက်ဆီးခိုင်းတဲ့ပုံစံနဲ့ အာရုံပြောင်းခဲ့တယ်။ အဲဒီတုန်းကတော့ သံဃာတွေအများစုဟာ ဒီပုဂ္ဂိုလ်တွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို အစအဆုံး မသိခဲ့ကြလို့ သူတို့ဆင်တဲ့ လှည့်ကွက်တွေထဲ တချို့ကိုယ်တော်တွေ ၀င်ပါခဲ့မိကြပါတယ်။ 2007 စက်တင်ဘာရွှေဝါရောင်အရေးတော်ပုံပေါ်ပေါက်လာခဲ့တဲ့အခါမှာတော့ သူတို့ရဲ့ သရုပ်မှန်ကို မြန်မာတွေတင်မကဘူး၊ ကမ္ဘာကပါ သိခဲ့ကြပြီလေ။ သံဃာကို ရိုက်တယ်။ ဗုဒ္ဓရဲ့ သန့်ရှင်းတဲ့ အရေတော် သင်္ကန်းကိုလည်း သူတို့စစ်ဖိနပ်အောက်မှာ ထားပြီး စော်ကားခဲ့တဲ့အခါမှာတော့ သံဃာထုကြီးတစ်ခုလုံးကစပြီး ပြည်သူပြည်သားတွေပါမကျန် သူတို့ကို ရွံ့မုန်းခဲ့ပါပြီ။ ထိုအဖြစ်အပျက်တွေကို ပြန်ကြည့်မိတိုင်း၊ အဲဒီမြင်ကွင်းတွေကို မြင်ရတဲ့အခါတိုင်းမှာ ဘာသာစုံပုဂ္ဂိုလ်တွေဟာ မျက်ရည်တွေ ရစ်ဝဲနေမိကြပါတယ်။ အဲဒီလို သံဃာနဲ့ ဘာသာကို စော်ကားမိတဲ့ပြစ်မှုကြောင့် အာဏာရှင်တွေရဲ့လုပ်ရပ်မှန်သမျှကို သံဃာထုက ရွံ့မုန်းခဲ့ပေလို့ အခုတစ်ခါ အဓိကရုဏ်းဖန်တီးမှုကြီးကတော့ သူတို့အတွက် အလွန်ကို ခက်ခဲနေရတာပါ။ အဲဒီတုန်းကလည်း အများမြင်ရတဲ့အတိုင်းပဲ သံဃာတွေဦးဆောင်တဲ့ မွန်မြတ်လှတဲ့ တော်လှန်ရေးကြီးကို သူတို့ရဲ့လက်ပါးစေ ခွေးများကိုစု၊ လူနည်းနေတော့ စိတ်မကောင်းဖြစ်နေကျတဲ့ပြည်သူတွေကို အတင်းခေါ်ပြီး သံဃာဆန့်ကျင်ရေးတွေ လုပ်ခဲ့ကြပါတယ်။

သူတို့ဟာ ဟိုးအရင်ကလည်း (ဒီပဲရင်းလုပ်ကြံမှု) မဖြစ်ပေါ်ခင် လပိုင်းအတွင်းကပဲ ထိုင်းနိုင်ငံနဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ကြတယ်။ ဘုန်းကြီးကျောင်းတွေ၊ ချတ်စ်ကျောင်းတွေ၊ ဗလီတွေ၊ ဘုံကျောင်းတွေ၊ ဟိန္ဒူရှိခိုးကျောင်းတွေမှာ သူတို့ရဲ့အမိန့်နဲ့ ၀တ်ပြုဆုတောင်းပွဲတွေ လုပ်ခိုင်းခဲ့ကြပါတယ်။ အိမ်တွေမှာလည်း နိုင်ငံတော်အလံကို မစိုက်မနေရဆိုပြီး အတင်းအကြပ်ပဲ လွှင့်ထူခဲ့တာတွေမှစပြီး ကလေးတွေရဲ့ ကျောင်းစာသင်ရိုးညွှန်းတမ်းအဖြစ်နဲ့ပါ ထိုင်းမကောင်းကြောင်းတွေကို လပိုင်းအတွင်း ရေးသားထုတ်ဝေပြီး သင်ကြားစေခဲ့တာပါ။ နေရာတိုင်းမှာလည်း ထိုင်းမကောင်းကြောင်းတွေကို မိန်းမဆန်ဆန် ပုတ်ခတ်ထားတဲ့အကြောင်းတွေကို စည်းရုံးပြောဆိုခဲ့ကြတယ်။ အဲဒီတုန်းကတော့ မြန်မာပြည်မှာ အစော်ကားခံရတဲ့ ထိုင်းလူမျိုးတွေမရှိခဲ့ကြလို့ ကြီးကြီးမားမား ပြဿနာတွေ မပေါ်ပေါက်ခဲ့ကြပါဘူး။

အခုဆိုရင်လည်း သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အဆင်မပြေဖြစ်ကြပြန်လို့ အဲဒီနိုင်ငံကို ဆန့်ကျင်နိုင်ဖို့အတွက် သူတို့ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း တစ်ခုဆိုရင် ပြည်သူတွေကို အတင်းသူတို့ရဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ(ဟစ်တလာလိုမုန်တိုင်းတပ်ဖွဲ့မျိုး)ဖြစ်တဲ့ အနုနည်းနဲ့ချေမုန်းမဲ့ကြံဖွတ်နှင့် အကြမ်းနည်း(လူမိုက်နည်း)ဖြင့် ချေမုန်းပေးမဲ့ စွမ်းအားရှင် ဆိုသည်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာကို အင်အားပြဖို့ ကြိုးစားနေကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်ဘာသာကို အများစု ကိုးကွယ်တဲ့နိုင်ငံဖြစ်တာမို့ အစ္စလာမ်ဘာသာဝင်တွေကို စော်ကားတဲ့အရေးအသားတွေကို သူတို့ရဲ့ လက်ဝေခံ တွေအား ရေးခိုင်းပြီး ပြန့်နှံ့မှုအလွန်လျှင်မြန်တဲ့ အွန်လိုင်းနည်းစနစ်တွေနဲ့ ဖြန့်ဝေနေကြတာ အားလုံးသိမှာပါ။

သတင်းကြားသိထားချက်များအရဆိုလျှင် သူတို့ရဲ့ကောက်ကျစ်မှုတွေကို ကမ္ဘာကို လိမ်လည်ဖို့ ပြုလုပ်ထားတဲ့ blog တွေမှာ နေ့စဉ် မွတ်စလင်မ်(ကုလား)တွေမကောင်းကြောင်း post ကို အနိမ့်ဆုံး တစ်နေ့တစ်ခု မတင်မနေရအဖြစ်နဲ့ ရေးတင်ခိုင်းနေတယ်လို့ သတင်းကြားရပါတယ်။ သူတို့တွေကို အများစုပါလာနိုင်အောင်ဆိုပြီးတော့ တခြား blog တွေရဲ့ Cbox တွေထဲမှာလည်း လိုက်ရေးခိုင်းထားတာဖြစ်ပါတယ်။ သူတို့ကတော့ တောသားနှစ်ယောက်ဟု အမည်ခံထားသူများဖြစ်ကြတဲ့ "ဇော်မျိုး" ဆိုသူနဲ့ "ပြေဇော်" ဆိုသူတို့ပဲဖြစ်ပါတယ်။ သူတို့တွေဟာ ယခင်ရွှေဝါရောင်တော်လှန်ရေးမှစတင်ပြီး ယခုအချိန်အထိ အတိုက်အခံတွေရဲ့ website တွေ၊ blog တွေမှာ ၀င်ရောက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုကြတဲ့သူတွေဖြစ်ပါတယ်။ ယခုအခါမှသာ ဘာသာရေးလုပ်သယောင်နဲ့ ဗုဒ္ဓဘာသာ အတွက် ရေးထားသလို၊ အမျိုးသားရေးအတွက်ပဲ ရေးထားသလို ပုံစံမျိုးတွေနဲ့ အသွင်ဆန်းဆန်းလေး ဖန်တီးရေးသားလာကြပြန်ပါတယ်။ (၄င်းတို့သည် အမည်အမျိုးမျိုးနဲ့ ၀င်ရောက်ပြီး စီဘောက်မှာ စာတွေ ရေးတတ်ကြပါတယ်။)

(အခုဆိုရင်လည်း ၄င်းတို့အုပ်စုသည် နအဖ၏ ပုံစံဖြင့် ဖန်တီးမှုမအောင်မြင်သောကြောင့် အများပြည်သူကြိုက်စေမည့်၊ ယုံလွယ်နိုင်သောနည်းလမ်းများဖြင့် နအဖ မကောင်းကြောင်းလေးများ တစ်လုံးနှစ်လုံး သုံးပြပြီး နအဖကိုပဲ မုန်းသယောင်နဲ့ သူတို့ဟာ နအဖရဲ့ လူမဟုတ်ဘူးဆိုသော အသွင်ပြောင်း၍ လှုပ်ရှားလာပြန်ပါတယ်။ "ဒီပုံစံမျိုးကို ချစ်နိုင်စိတ်ပညာ ဟူသော နအဖအကြံပေးကြီးမှလည်း ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီးတွင် သူပို့ချရသည့် ဘာသာရပ်များ၌လည်း ကျောင်းသားများ စိတ်ဝင်စားလာစေရန် သုံးနှုံးလေ့ရှိသည်။ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာနည်းဖြင့် ဆွဲဆောင်ပြီး လိုရာကို ဆက်ပြောသွားသည်"ဟု ၀န်ထမ်းတစ်ဦးက ပြောပြပါသည်။)

၎င်းတို့ ရေးသားချက်များအား တစ်ဖက်မှ အစ္စလာမ်ဘာသာဝင်များအနေဖြင့် ယခုအချိန်အထိ သီးခံနေကြတာကို အားလုံးအသိပင်ဖြစ်ပါတယ်။ (ယခင်ဖန်တီးမှုများတွင်လည်း တစ်ဖက်မှ ပြန်လည်တုန့်ပြန်လာအောင် အမျိုးမျိုး ရန်စကြပါတယ်။ တစ်ဖက်မှ မခံနိုင်တော့သည် အခါတွင် ကြီးမားသော အဓိကရုဏ်းကြီးများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။) ယခုအခါတွင်လည်း ၄င်းတို့ဟာ အသွင်တမျိုးပြောင်းပြီး ပြည်တွင်းက မွတ်စလင်မ်တွေကို ပြန်ပြီး တုန့်ပြန်လာအောင် နည်းအမျိုးမျိုးဖြင့် ရန်စရေးသားလာကြပါတယ်။ " ဟေ့ကုလားတွေ . . . . မင်းတို့ မွတ်ဆလင်အကြောင်းကို လေ့လာထားပြီး အချက်အလက်ခိုင်ခိုင်မာမာရှိတဲ့ ကိစ္စကိုပြောလို့ မင်းတို့ ဆတ်ဆတ်ထိမခံနိုင်ဖြစ်နေတာ။ ………………………………………………………………………………………………………… ငါတို့ မွတ်ဆလင်ဘာသာကို လေ့လာပြီး မင်းတို့ကို ကောင်းကောင်း ထုနှက်သလို မင်းတို့လဲ ဗုဒ္ဓဘာသာကို လေ့လာပါ။ လေ့လာပြီး ဗုဒ္ဓဘာသာရဲ့ မှားယွင်းချက်ကို ဝေဖန်တဲ့အဆင့်တင် မကဘူးနော် . . . ပယ်ပယ်နယ်နယ်စော်ကားစမ်းပါ။ အဲလောက်အထိကို စိန်ခေါ်ထားတယ်။ ဒီမှာနောက်ထပ် ဆောင်းပါးတစ်ပုဒ် တင်ပေးထားတယ်နော်။" ဒါကတော့ သူတို့ရေးသားချက်များအနက်မှ နောက်ဆုံးတစ်ခုကို ဖော်ပြပေးလိုက်တာပါ။

ထို့ကြောင့် အားလုံးကို သတိပေးချင်တာက သူတို့ပြောသမျှကို ပြန်လည်ပြီး မည်သည့် ဘာသာဘက်ကမှ ပြန်လည် ပုတ်ခတ်ရေးသားခြင်းတွေ (လုံးဝ) မပြုလုပ်ကြပါနဲ့။ သူတို့ရေးသားပေးပို့ခြင်းတွေအပေါ် တုန့်ပြန်မိပါက ထိုတုန့်ပြန်သောစာများအား ယခင်က အီးမေးလ်တွေ ပို့သကဲ့သို့ ပြန်လည်ပေးပို့ပြီး ရန်တိုက်မယ့် ဗျူဟာတွေပါ။ အားလုံးသတိထားကြပါ။ သူတို့ပြောသမျှကို မေတ္တာနဲ့သာ တုန့်ပြန်ကြပါ။ သူတို့ကို ခွေးတွေလို့သဘောထားပြီး သူတို့ဟောင်နေတာကို ထမကြည့်ကြဖို့ မေတ္တာရပ်ခံတာပါ။ ခွေးဟောင်းတာကို ထကြည့်မိပါက အိပ်ရေးပျက်သကဲ့သို့ သူတို့ ဆွနေသည်ကို ပြန်တုန့်ပြန်ပါက ပြဿနာတွေ ကြီးမားလာပါမယ်။ ဗုဒ္ဓဘာသာဝင်တွေကလည်း မိမိတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဒီအကြောင်းတွေ နားလည်အောင် ရှင်းပြပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နှင့် ရိုဟင်ဂျာကိစ္စများအား ခုတုံးလုပ်ကာ (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအာရုံလွှဲရန်အတွက် မွတ်ဆလင်များနှင့် အစ္စလာမ်ဘာသာအား စော်ကားပုတ်ခတ်သည့် အကြောင်းများ ရေးသားထားသော အီးမေးလ်များ ပြန့် နေပါသည်။
ထို့ အတူ အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုများ တက်ကြွစွာ ဆောင်ရွက်နေကြသော ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာများအကြား လူမျိုးရေး အဓိကရုဏ်းဖြစ်ရန် နအဖမှ ဖန်တီးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နအဖဟာ ဘင်္ဂလားဒေ့ရှ်ကိစ္စနဲ့  ရိုဟင်ဂျာကိစ္စကို မြန်မာနိုင်ငံရဲ့  တိုင်းပြည်ရေးရာကိစ္စအနေနဲ့  တရားဝင် မှန်ကန်စွာ မဖြေရှင်းရဲဘဲ သူရဲဘောကြောင်ပြီး ဝေ့လည်ကြောင်ပတ်လုပ်နေရာကနေ အခု နအဖအကျိုးစီးပွားအတွက် ခုတုံးလုပ်အသုံးချဖို့  ယခင်အာဏာရှင်တို့  လုပ်နေကြ နည်းယုတ်မာများအတိုင်း ဘာသာရေးနဲ့  လူမျိုးရေးအဓိကရုဏ်လုပ်ပြီး မြန်မာပြည်နိုင်ငံရေးကို အာရုံလွှဲဖို့ လုပ်နေတာမို့  မြန်မာပြည်သူများအနေနဲ့  အထူးသတိထားကြဖို့  ကြိုတင် သတိပေးလိုပါသည်။

ဒီဘာသာရေးအဓိကရုဏ်းသာဖြစ်ခဲ့မယ်ဆိုရင်တော့ သူတို့တွေရဲ့ သံဃာနဲ့ သာသနာကို စော်ကားမှုတွေအပေါ် အခဲမကျေ မမေ့ပျောက်နိုင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကို အားလုံးမေ့ပျောက်ကုန်မှာပါ။ "နွားကွဲရင် ကျားဆွဲမယ်" ဆိုတဲ့ ဆိုရိုးအတိုင်း စည်းလုံးကြပါ။ ငြိမ်းချမ်းကြပါ။ သူတို့ရဲ့ သက်တမ်း အဓွန့်တိုနေပါပြီ။


စက်တင်ဘာ ရွှေဝါရောင်တုန်းကဆိုလျှင် ဘုန်းကြီးတွေကို လိုက်သတ်တဲ့ စစ်သားရန်က ကင်းဝေးစေဖို့ မွတ်စလင်မ်တွေက သူတို့အိမ်တွေထဲမှာ လုံခြုံအောင်ကာကွယ်ပေးထားတယ်။ စစ်သားရိုက်လို့ ကွဲပြဲသွားတဲ့ ဒဏ်ရာတွေကို မွတ်စလင်မ်တွေက ဆေးထည့်ပေးခဲ့ကြတယ်။ မွတ်စလင်မ်တွေကပဲ တတ်နိုင်သမျှ ရဲရဲဝံ့ဝံ့နဲ့ ဆွမ်း၊ ကွမ်း၊ ရေချမ်းတွေ ဆပ်ကပ်ခဲ့ကြတယ်။ ဒါတွေဟာ အတုန့်အလှည့် မေတ္တာတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေပါ။

တို့မြန်မာတွေဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နဲ့နေကြရပါတယ်။ သိက္ခာမရှိတဲ့လူမျိုးအဖြစ်နဲ့ ကဲ့ရဲ့ကြတာပါ။ တစ်ချို့နိုင်ငံတွေ(သြစတေးလျ၊ စင်္ကာပူ၊ အင်္ဂလန်၊ ဂျပန်)အစရှိတဲ့ နိုင်ငံတွေမှာဆိုရင် အလုပ်ခေါ်တဲ့နေရာမှာ "မြန်မာနိုင်ငံသားမဖြစ်စေရ" တို့ " မြန်မာတွေမလျှောက်ရ" တို့ "မြန်မာဆိုလျှင် လက်မခံ" တို့လို စာသားတွေကို အလုပ်လျှောက်လွှာတွေမှာ ထည့်ရေးလာကြတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ အုပ်ချုပ်သူတွေရဲ့ မကောင်းမှုကြောင့် ဖြစ်ကြရတာပါ။ ဒါကြောင့် အောက်တန်းကျတဲ့လုပ်ရပ်တွေဖြစ်တဲ့ ဘာသာရေးတွေကို စော်ကားခြင်းမျိုးတွေမှာ မြန်မာပြည်ကို တကယ်ပဲ ချစ်တယ်၊ မြန်မာပြည်သားဖြစ်ရတာ ဂုဏ်ယူချင်တယ်ဆိုရင် မပါဝင်မိကြစေဖို့ တိုက်တွန်းလိုက်ပါတယ်။

ဘာသာစုံညီညွတ်ချစ်ခင်ရေးကို ရှေးရှုသော
PTA (Peace to all)

Thursday, February 26, 2009

Dubai မလာခင် သိစေချင်သည် (သို့) Dubai မှ မြန်မာ မ တစ်ယောက် အကြောင်း

၂၀၀၉ ခုနှစ် ဖေဖ၀ါရီလ ၁၅ ရက်နေ့ တွင် ဒူဘိုင်း မြို့ မှာ အလုပ်လာ လုပ်သော
မြန်မာ မိန်း ခလေးတစ်ယောက် ပျောက်သွားပါသည်။ ဒူဘိုင်း ရဲမှ စုံစမ်း ရာ
သတင်း မရရှိဘဲ။ ၂၂ ၊ ၂ ၊ ၂၀၀၉ ရက် နေ့ တွင် မထင်မှတ်ဘဲ ဆောက်လုပ်ရေး
လုပ်သား တစ်ဦး မှ ၄င်း ၏ ရုပ်အလောင်း အား တွေ့ရှိခဲ့ပါသည်။

အသေးစိတ်မှာ

၎င်း အမျိုး သမီး ဒူဘိုင်း ကို ရောက်သည်မှာ ၆ လ ခန့်သာ ရှိပါသေးသည်။
လေဆိပ်အတွင်း ရှိ ခရီး သည်များ နားနေ ခန်း တွင် စားပွဲထိုး အလုပ် ကို
လုပ် ပါသည်။ ၄င်း အမျိုး သမီး တွင် ၆ နှစ်အရွယ် သမီး တစ်ယောက် ရှိပြီး ၊
မြန်မာနိုင် ငံ တွင် အဖိုး အဖွား များ နှင့် နေပါသည်။ ၄င်း ၏ ခင်ပွန်း
သည်မှာ မလေး ရှားနိုင်ငံ တွင် အလုပ်လုပ်လျှက် ရှိသည်ဟုသိ ရပါသည်။

သေဆုံး သူ အမျိုး သမီး သည် အိန္ဒိ ယ နိုင် ငံ သား တစ်ယောက် နှင့် ချစ်
ကြိုက် နေပါသည်။ ပျောက် ဆုံး မည့် ညနေ ၄ နာ ရီ ခန့် တွင် နေထိုင်ရာ
အဆောင်မှ တစ်ဦးတည်း ထွက် သွား ပါသည်။ အိန္ဒိယ နိုင် ငံ သား နှင့် တွေ့
ဆုံရန်ဖြစ်ပါသည်။

သို့သော် အိမ်ပြန်ချိန်တွင် ပြန်ရောက်မလာနိုင်ခဲ့ပါ။ ထို့ကြောင့် အတူနေ
သူငယ်ချင်း များ သည် ကုမ္ပဏီရှိတာဝန် ရှိသူများ ထံ သတင်း ပို့ခြင်း ၊
တာဝန်ရှိသူများမှ ဒူဘိုင်း ရဲအား အကြောင်း ကြား ခြင်း အား တတ်အားသ၍
ဆောင်ရွက်ကြပါသည်။

သို့သော် ဘာသတင်း အစအန မျှ မရခဲ့ပါ။

၎င်း နှင့် နောက် ဆုံး တွေ့ ဆုံ သူအဖြစ် ၄င်း နှင့် ရည်ငံနေသူ အိန္ဒိယ
နိုင်ငံသား အား မေးမြန်း ရာ ၄င်း တို့ တွေ့ ဆုံပြီး နောက် အဆောင် အနီး
သို့ပြန်ပို့ခဲ့ကြောင်း ပြောပါသည်။ ၄င်း ပြောသော နေရာနှင့် အဆောင် သည်
လမ်း လျှောက်ပြန်လျှင် ၁၀ မိနစ် ၊ ၁၅ မိနစ် ခန့် လျှောက် ရပါသည်။
ထို့ကြောင့် ၄င်း အချိန် အတွင်း ပျောက် ဆုံး သွား ခြင်း ဖြစ်ပါသည်။

၂၂ ၊ ၂ ၊ ၂၀၀၉ နေ့တွင် ဆောက်လုပ်ရေးလုပ်သား တစ်ဦး မှ သူမ ၏ အလောင်း ကို
တွေ့ ရှိခြင်း ဖြစ်ပါသည်။ အလောင်း မှာ ၀တ်လစ်စလစ် နှင့် ပုတ်ပွနေပါသည်။

သေဆုံးသူ အမျိုး သမီး မှာ ငယ်ငယ် ရွယ်ရွယ် ဖြစ်ပါသည် ။ အသား ဖြူပါသည် ။
အရပ်မှာ ၅ပေကျော် လောက်ဖြစ်ပါသည်။

ကျွန်တော် နှင့် သေဆုံးသူ အမျိုးသမီး သည် ကုမ္ပ ဏီ တစ်ခုတည်း ၏
လက်အောက်တွင်အလုပ် လုပ်နေကြသော်လည်း ဌာန မတူသော ကြောင့် မတွေ့ဖြစ်ကြပါ။
၎င်း တို့ ရောက်ခါ စ အချိန် က ကျွန်တော် ကိုယ်တိုင် အားလုံး ကို
ကုမ္ပဏီမှာ အရင် က ဒီလိုမျိုး ဇာတ်လမ်း တွေ ရှိခဲ့ဖူး ကြောင်း ၊
ထို့ကြောင့် အသွား အလာ အနေအထိုင် ဆင်ခြင် ကြစေလိုကြောင်း ၊ အထူးသဖြင့်
နိုင်ငံခြား သား နှင့် ဇာတ်လမ်း မရှုပ်ကြဖို့ ကျွန်တော် ကိုယ် တိုင်
သူတို့ အားသတိပေး စကား ပြောခဲ့ဖူးပါသည်။ ( picnic တစ်ခု စီစဉ်ပေးပြီး
အားလုံးလူ (၄၀ )ကျော် ကို သတိပေးစကား ပြောခဲ့တာပါ )

အဘယ်ကြောင့် ဆိုသော် ကုမ္ပဏီ မှာ အလုပ်လုပ် လျှက် ရှိသော ကပ္ပလီ မတစ် ယောက်
လည်း ထိုကဲ့သို မုဒိမ်း ကျင့် ခံ ရဖူးသော သာဓက ရှိသောကြောင့် ဖြစ်ပါသည်။
ကုမ္ပဏီမှ အပြန် တရားမ၀င် TAXI ငှား စီးပြီး ပြန်သွားရာ ၆ ရက်လောက်
မုဒိမ်း ကျင့်ခံလိုက်ရလေသည်။သို့သော် အသက်မသေပါ။

ယခုပြောနေသော အကြောင်း အရာတို့ မှာ ကျွန်တော်အလုပ် လုပ်လျှက်ရှိသော
ကုမ္ပဏီ မှ ၀န်ထမ်းများ ၏ ဇတ်လမ်း များ ဖြစ်ပါသည်။ ကျွန်တော် ကြားယုံသား
ကြားရသော ဇတ်လမ်း များ မှာ ဒုနှင့် ဒေး။

ယခု ဒီစာကို ရေးရခြင်း အကြောင်း အရင်း မှာ ပုဂ္ဂိုလ်ရေး အရ စော်ကား
လိုစိတ် လုံး ၀ မရှိပါ။

မြန်မာ ပြည်မှ ဒူဘိုင်း DUBAI သို့ ရောက်ရှိနေကြသော မြန်မာ နိုင်ငံသူ
၊နိုင်ငံသား များ

မြန်မာ ပြည်မှ ဒူဘိုင်း DUBAI သို့ လာ လတ္တံ့ ဖြစ်သော မြန်မာနိုင်ငံသူ ၊
နိုင်ငံ သား များ

မိမိတို့နှင့် ပတ်သတ်သော သူငယ်ချင်း မိတ် ဆွေများ အား သတိပေး စကား
ပြောကြားလိုသော မြန်မာနိုင်ငံသူ ၊ နိုင်ငံ သား များ ၏ ကိုယ်စား ယခုစာကို
ရေးသား ရခြင်း ဖြစ်ပါသည်။

ကျွန်တော် ရေးသော စာ အတွက် ကျွန်တော့် တွင် တာဝန် အပြည့် ရှိပါသည်။
မကျေလည် သည်များ ရှိခဲ့သော် နေစိုးနိုင် nsnaing@gmail.com
သို့ဆက်သွယ်နိုင်ပါသည်။

ဒူဘိုင်း သို့ရောက်နေသော သူငယ်ချင်းများ နှင့် ဒူဘိုင်း ကို လာ အလုပ်လုပ်
လိုသော မြန်မာနိုင်ငံသူ၊ သား များ သိထား သင့် သည် ဟု သင် ယုံကြည်လျှင်
ယခု စာ အား forward လုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ယနေထုတ် သတင်း စာ Gulf News ပါသတင်း အား ဖတ်လိုလျှင်
http://www.gulfnews.com/nation/Police_and_The_Courts/10288679.html ကို
ဝင်ရောက် ဖတ်ရှူနိုင်ပါသည်။

လေးစားစွာဖြင့်
နေစိုးနိုင်
၂၃ ၊ ၂ ၊ ၂၀၀၉



--
Nay Soe Naing

Tuesday, February 24, 2009

DONT IGNORE IT!!!..

Please read it carefully and forward others May Allah reward you the Paradise!



Think about it ....

Are you going to forward this, or delete it Just remember-Allah is watching you.

When you receive this, say a prayer (دعاء(for the person that sent it to you....

There are no costs, but wonderful rewards(مكافأة عظيمة).

Let's continue praying for one another.

As we look at this article we realize how true the Messenger (P. B.U.H) was these signs were prophesized 1400 years ago!!!

Take a look.... Now this is scary(مخيف) but soooooooo TRUE!!!!



ط Camels will no longer be used as a means of transport;

ط People will ride on saddles(المركبات الفاخرة) that aren't saddles (cars?)

ط The distance on earth will become short; تم طي المسافات

ط Horses will not be used in wars;

Ø Muslims will defeat the Byzantines which will end with the conquest of Constantinople( Istanbul )

Ø The Jews will gather again to live in Bilad Canaan; (بلاد كنعان)

ط Very tall buildings will be built; (أبراج منتشرة في جميع أنحاء العالم)

ط The disappearance of knowledge(زوال العلم) and the appearance of ignorance, (ظهور الجهل)with much killing;

ط Adultery(الزنا) will become widespread, and the drinking of wine will become common;

ط The number of men will decrease and the number of women will increase until there are 50 women to be looked after by one man.

ط Islam will become worn out (بالية و رثة)like clothes are, until no one will know what fasting, prayer, charity and rituals (شعائر)are;

ط Allah will send a disease to fornicators (الزانى)that will have no cure (Aids?);

Ø People will begin to believe in the stars and reject AL QADAR (THE DIVINE DECREE OF DESTINYالقضاء و القدر);

ط Men will pass by people's graves and say: 'Would that I was in his place'; (large amount of suicidal deathsوفيات انتحارية?)

ط The Euphrates will uncover a mountain of gold for which people will fight over (the river of Alfurat that lies near Syria );

ط Two large groups of people will fight one another, and there will be many casualties; they will both be following the same religion (World War III?);

ط Approximately 30 DAJJALSدجّالون will appear, each one claiming to be the messenger of ALLAH;

ط Earthquakes زلازل will increase;

ط Time will pass quickly;

ط Afflictions أمراض و بلاويwill appear;

ط Killing will increase;

ط Wealth will increase;

ط Women will be wearing clothes but not wearing clothes التعري كما نراه

ط THE PROPHET (s.a.w.) SAID: 'IF MY UMMAH BEARS 15! TRAITS سمات/صفات (QUALITIES), TRIBULATION محنة WILL FOLLOW IT.' (DAY OF JUDGEMENT) SOMEONE ASKED,'WHAT IS THEY O MESSENGER OF ALLAH?' HE (s.a.w) SAID:

ط When any gain is shared out only among the rich, with no benefit to the poor;

ط When a trust (أمانة)becomes a means of making profit ;

ط When paying ZAKKAT becomes a burden;

ط When voices (رفع أصوات كما نشاهده الآن)are raised in the mosque;

ط When the leader of a people is the worst of them;

ط When people treat a man with respect because what he may do;

ط When much wine is drunk; red wind or the earth swallow them, or to be transformed into animals.'


ط 'IMRAN IBN HUSAYN SAID: 'THE PROPHET (AS) SAID, 'SOME PEOPLE OF THIS UMMAH WILL BE SWALLOWED BY THE EARTH, TRANSFORMED INTO ANIMALS, AND SOME WILL BE BOMBARDED WITH STONES'. ONE OF THE MUSLIMS ASKED, WHEN WILL THAT BE O MESSENGER Of ALLAH?' HE SAID, 'WHEN SINGERS AND MUSICAL INSTRUMENTS WILL BECOME POPULAR, AND MUCH WINE IS DRUNK.''

ط THE GREATER SIGNS علامات كبرىOF THE HOUR The Quran will disappear in one night, even from the people's hearts, and no Ayyah will be left on earth. (Some groups of old people will be left who will say: 'We heard of fathers' saying 'LAILLAHA ILLA ALLAH' so we repeat it)

ط
The appearance of the MAHDI;

Ø The appearance of the DAJJAL (Anti Christ);

Ø The appearance of Ya'juj and Ma'juj (biblical Gog and Magog);

Ø Isa (Jesus) will come during the time of Dajjal;

Ø The rising of the Sun from the west;

Ø The destruction of the Ka'ba and the recovery of its treasures;

Ø The smoke.







Now you have two options here:

1. Leave this message to sit here. No curse or whatever may happen to you (Insha-Allah)

2. Forward this message to a number of people you know and by the grace of Allah you will be blessed for each person you forward this e-mail to.

جزاكم الله خير الجزاء و أدام بيننا المحبة و الوفاء