သန့်ပြန့်သော စားသောက်ဖွယ်ရာများကို ရိုးသားသော နည်းဖြင့်ရှာဖွေ၍ စားသုံးနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် မသမာသော နည်းဖြင့် ရရှိသော စားသောက်ဖွယ်သည် စိတ်နှလုံးကို မိုက်မှောင်ဖုံးလွှမ်း၍ ခက်ထန်မာကျောစေ၏။ မပိုင်သော (ဟရာမ်) နည်းဖြင့် ရှာဖွေစားသုံး သူသည် ဂျန္နသ်ဝင်ရမည် မဟုတ်။ မပိုင်သော (ဟရာမ်) နည်းဖြင့် ရှာဖွေလျှင် ပြုသမျှ အေဗာဒတ်သ်ကို အရှင်မြတ် လက်ခံမည် မဟုတ်ပေ။ စွဟာဗာတို့သည် သံသယရှိသော အစာ၊ စားမိလျှင် ချက်ချင်း လက်ထိုး၍ အန်ပစ်ကြသည်။
စားသောက်မှုကို ရှရီအတ်သ်တရားတော်က သတ်မှတ်ပြဌာန်းသော နည်းစနစ်ဖြင့်သာ ရှာဖွေ စားသောက်ကြရပေမည်။ တားမြစ်ပိတ်ပင်သော နည်းလမ်းဖြင့် မစားသုံးရပေ။ ဥပမာ ငှက်ပျောသီး ဟလာလ် ပစ္စည်းပင် ဖြစ်စေကာမူ ခိုးယူ၍ မစားသုံးရ၊ ထိုသို့ စားသုံးခြင်း ဟရာမ်ဖြစ်၏။ ထိုနည်းတူ ရှာဖွေရာတွင်လည်း လိမ်လည်ပြီး မရှာဖွေရပေ။ အဘယ်ကြောင့်ဆိုသော် ထိုငွေဖြင့် ပစ္စည်းဝယ်ပြီး စားသောက်ရပေမည်။
ရှရီအတ်သ် တရားတော် အနေဖြင့် စားသုံးအပ်သော အရာ၊ မစားအပ်သော အရာ၊ ပြုပိုင်သော အရာ၊ မပြုပိုင်သော အရာတို့ကို ခွဲခြားပြထားပေသည်။ ဥပမာ (ဇဗာဟ်) လည်လှီးဖြတ်ခြင်း မပြုဘဲ အလိုအလျောက် သေသော တိရိစ္ဆာန်များ၊ တိရိစ္ဆာန်၏ သွေး စသည်တို့ မစားရဟု တားမြစ်၏။ တရားတော် အနေနှင့် တားမြစ်ထားခြင်းသည် အကြောင်းမဲ့မဟုတ်၊ ထိုအရာများကို စားသုံးခြင်းဖြင့် ၄င်းတို့၏ စရိုက်ဆိုး အကျင့်ဆိုးများ ရောဂါဆိုးများကို လူတို့ထံ အရှင်မြတ်က မရောက်စေချင်သော ကြောင့်ဖြစ်၏။ ဥပမာ- ၀က်သည် တစ်ကိုယ်လုံး မသန့်ဖြစ်၏။ မည်သည့် အစိတ်အပိုင်းမှ စားသုံးလို့ မရပေ။ ၀က်တွင် အဆိုးရှိ၏။ ရောဂါကူးစက်လွယ်၏။ ယုတ်မာ၍ ထိုအကျင့်မျိုး ရှိသော တိရိစ္ဆာန်၏ အကျင့်မျိုး ရောက်စေတတ်၏။ ခွေးသားစားလျှင် အမျိုးသားစိတ် ကင်းပြီး ကျွန်ခံချင်သော စိတ်ဓါတ်ဖြစ်လာ၍ အမျိုးတူညီနောင်သားချင်းများကိုပင် မနာလိုစိတ် ပေါ်ပေါက်စေတက်၏။
အရှင်မြတ်မှအပ အခြားပုဂ္ဂိုလ် တစ်ဦးဦးအမည် ရုပ်တုတစ်ခုခု၏ နှစ်မြို့မှု ရှိစေရန် တင်ထားသော အစားအသောက်များသည်လည်း စားမပိုင်ပေ။ ထိုနည်းတူ လူကိုဘေးဥပါဒ်ဖြစ်စေ၍ အသက်အန္တရာယ် ဖြစ်စေသော ဘိန်း၊ ဆေးခြောက်၊ အရက် စသည်တို့ ရှုရှိုက် စားသောက်ခွင့် မရှိပေ။ အရက်ကို အခြားအမည်တပ်၍ သောက်သော်လည်း ဟရာမ်ဖြစ်၏။
ဟရာမ်ဖြစ်စေသော အရာဟူသရွေ့ ဟလာဟ်မဖြစ်နိုင်၊ ဟလာဟ်သည် ဟရာမ်ဖြစ်နိုင်သည်။ ဥပမာ- ဤရေသည် အရက်ကဲ့သို့ဘဲဟု ပြောဆိုသောက်ခြင်း။
Showing posts with label အစ္စလာမ် ပညတ်ချက်များ. Show all posts
Showing posts with label အစ္စလာမ် ပညတ်ချက်များ. Show all posts
Monday, December 14, 2009
အစ္စလာမ် ပညတ်ချက်များ ၅
စားသောက်မှုဆိုင်ရာ အခြေခံသဘောတရား
အစ္စလာမ် ပညတ်ချက်များ ၎
၁။ တစ်ဦးတစ်ယောက်၏ အိမ်သို့ ဧည့်သည်အဖြစ်သွားသောအခါ အိမ်ရှင်ထံမှ မည်သည့် သေးငယ်သော အရာကိုမျှ တောင်းဆိုခြင်း မပြုလေနှင့် အခါအားလျော်စွာ အရေးဆိုသော ကိစ္စသည် သာမာန်ဖြစ်သော်လည်း မဖြည့်စွမ်းနိုင်သော် ၄င်းအဖို့ မျက်နှာငယ်ရပေမည်။
၂။ လူနှစ်ဦး ထိုင်နေသော နေရာတွင် တံတွေးထွေးခြင်း နှာညှစ်ခြင်းများ မပြုရပေ။ မပြုမနေ အရေးပေါ်ခဲ့သော် ၄င်းအဖို့ ဘေးတစ်ဖက်သို့ သွား၍ စွန့်ပစ်ရပေမည်။
၃။ စားသောက်သည့် အခါ ရွံစရာကောင်းသော အရာများ၏ အမည်များကို ဖော်ပြခြင်း မပြုရ။ ထိုစကားများဖြင့် အချို့စိတ်နုနယ်သူများ ဒုက္ခရောက်စေသည်။
၎။ ဝေဒနာရှင်များနှင့် ၄င်း၏ အိမ်သူအိမ်သားများ၏ ရှေ့တွင် နှစ်သိမ့်ဖွယ်ရာ စကားမှအပ မျှော်လင့်ချက် ကင်းမဲ့သော စကားများကိုလည်း မပြောရ။
၅။ တစ်ဦးတစ်ယောက်နှင့် ပတ်သက်၍ တီးတိုးစကား တစ်စုံတစ်ရာကို (တရားတော်အရ ပြောပိုင်သည်လည်း ရှိသော်) ပြောဆိုရန် ရှိသော် ကြုံကြိုက်သဖြင့် ထိုနေရာတွင် ကာယကံရှင်လည်း ရောက်ရှိနေပါမူ ၄င်း၏ ရှေ့တွင် မျက်ခုံးမျက်စဖြင့် သော်လည်းကောင်း လက်ဟန်ခြေဟန်ဖြင့် သော်လည်းကောင်း မပြုလုပ်ရ။ ထိုသူအား ဒွိဟ သံသယဖြစ်စေမည်။ အထက်ပါ ကိစ္စသည် တရားတော်နှင့် ဆန့်ကျင်ဖက် ဖြစ်နေလျှင် အပြစ်ထိုက်မည်မှာ ပြောစရာ မရှိပေ။
၆။ ခန္ဓာကိုယ်နှင့် အ၀တ်အစားကို သန့်ရှင်းစင်ကြယ်စွာ ထားရမည်။
၇။ လူများထိုင်နေသော နေရာတွင် တံမြတ်စည်းမလှဲရ။
၈။ တစ်ဦးတစ်ယောက်၏ အိမ်၌ ဧည့်သည်အဖြစ် စားသုံးသောအခါ စားပွဲခင်း၌ နောက်ဆုံးတွင် ဟင်းအနည်းငယ်နှင့် မုန့်အနည်းငယ် ချန်ရစ်ခဲ့ပါလေ။ သို့မှသာလျှင် အိမ်ရှင်သည် အသင့်အား ၀တင်းသွားပြီဟု ယူဆနိုင်ပေမည်။
၉။ လူသွားရာလမ်းတွင် သစ်ကျိုး သစ်ပဲ့၊ အိုးစုတ်၊ ခွက်စုတ်၊ အုတ်ခဲ၊ ကျောက်ခဲ၊ အမှိုက် စသည်တို့ကို မစွန့်ပစ်ရ။
၁၀။ ကလေးသူငယ်အား ကြည်စား၍ မြှောက်ကစားခြင်းနှင့် ပြတင်းပေါက်မှ ကွယ်ကစားခြင်း မပြုရ။
၁၁။ တစ်ဦးတစ်ယောက် ဖုံးဝှက်ရန် တာဝန်ရှိသော နေရာ၌ အနာများ ရှိခဲ့သော် အဆိုပါသူအား အဘယ်နေရာတွင် ရှိပါသနည်းဟု မမေးမြန်းရ။
၁၂။ တစ်ဦးတစ်ယောက်အား တစ်စုံတစ်ရာ ပေးလိုခဲ့သော် လက်တွင်းသို့ အရောက်ပေးရမည်။ ပစ်ပေးပါ ဖမ်းလိုက်မည် (သို့မဟုတ်) ဖမ်းယူပါ ပစ်ပေးမည်ဟု အဝေးမှ လှမ်း၍ မပြောရ။
၁၃။ ရင်းနှီးမှု မရှိသူများနှင့် တွေ့ဆုံသောအခါ ၄င်း၏ အိမ်တွင်းရေးကို မမေးရ။
၁၄။ စားပွဲခင်းမှ ဟင်းလျာများ ကုန်သွားလျှင် စားနေသူ၏ ဟင်းပန်းကန်လုံးကို မယူရ။ လိုက်ပွဲဆင့်ယူရ၏။
၁၅။ တစ်ဦးတစ်ယောက်၏ မင်္ဂလာသတင်းနှင့် အမင်္ဂလာသတင်းကို ၄င်းဆွေမျိုးများနှင့် မိတ်ဆွေ သင်္ဂဟများကို မပြောရ။ ကလေးသူငယ်များ၏ ရှေ့တွင် ရှက်ဖွယ်လိလိ စကားများကို မပြောဆိုရ။
အစ္စလာမ် ပညတ်ချက်များ ၃
မိဘက သားသမီးအပေါ် ထားရှိရမည့် တာဝန်ဝတ္တရားများ
မိဘနှစ်ပါး၏ ၀တ္တရား သားသမီးအပေါ် ရှိသကဲ့သို့ မိဘနှစ်ပါးအပေါ်၌လည်း သာသမီးများ၏ ၀တ္တရားများ ရှိသည်။ ၄င်းတို့မှာ-
မိဘနှစ်ပါး၏ ၀တ္တရား သားသမီးအပေါ် ရှိသကဲ့သို့ မိဘနှစ်ပါးအပေါ်၌လည်း သာသမီးများ၏ ၀တ္တရားများ ရှိသည်။ ၄င်းတို့မှာ-
၁။ အကျင့်စာရိတ္တ ကောင်းမွန်သည့် အမျိုးသမီးနှင့် ထိမ်းမြားလက်ထပ်ပေးရမည်။ သို့မှသာ ကောင်းမြတ်သည့် သားသမီး ရတနာ ထွန်းကားမည်ဖြစ်သည်။
၂။ ငယ်ရွယ်စဉ် ကာလတွင် ချစ်ခင်ယုယစွာဖြင့် မိမိ၏ သားသမီးများကို ကျွေးမွေးစောင့်ရှောက်ရမည် ဖြစ်သည်။
သားသမီးများကို ချစ်ခင်ယုယ ခြင်းနှင့် ပတ်သက်၍ ထူးမြတ်မှုများလည်း လာရှိထားပေ၏။ အထူးသဖြင့် သမီး မိန်းကလေးများဖြင့် စိတ်မညစ်ရပေ။ ၄င်းတို့အား ကျွေးမွေးခြင်းဖြင့် အထူးထွတ်မြတ်မှုများ လာရှိပေသည်။ အကယ်၍ နို့ထိန်းသည်ထံ အပ်၍ နို့တိုက်ခိုင်းမည် ဆိုပါက အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဘာသာရေး လေးစားသည့် နို့ထိန်းသည်ကို ရှာဖွေရမည်။ အဘယ်ကြောင့်ဆိုသော် မိခင်၏ အကျင့်စာရိတ္တ အစရှိသည်တို့သည် ကလေးအား သက်ရောက်စေသည်။
၃။ မိမိတို့၏ သားသမီးများအား သာသနာ့ ပညာများကို သင်ကြားပေးရမည်။
၎။ (နေကာဟ်) ထိမ်းမြားရန် အချိန်တန်လာသောအခါ ၄င်းတို့အား ထိမ်းမြားခြင်း ပြုလုပ်ပေးရမည်။ အကယ်၍ သမီးမိန်းကလေး၏ ခင်ပွန်းသေဆုံးပါကလည်း ဒုတိယနေကာဟ် (နောက်ထပ်) ပြုလုပ်မည့်အထိ မိမိ၏ အိမ်တွင် ကောင်းမွန်စွာ ထားရမည်။ ၄င်းအတွက် လိုအပ်သလောက် သုံးစွဲရန်ပေးရမည်။
အစ္စလာမ် ပညတ်ချက်များ ၂
စားသောက်ခြင်း၏ ရိုသေမှု
၁။ မစားမီအလျင်နှင့် စားသောက်ပြီး လက်ဆေးရမည်။ နှုတ်လည်း ကျင်းရမည်။
၂။ “ဗစ္စမိလ္လာဟိ ၀အလာ-ဗရ်ကသိလ္လာဟ်” ဟုဆို၍ ထမင်းစားရမည်။ (အဓိပ္ပါယ်- ကျွန်တော်မျိုးသည် အလ္လာဟ် အရှင်မြတ်၏ နာမတော်နှင့် လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်တော်နှင့် လည်းကောင်း အစပြု၍ စားသုံးပါ၏။)
၃။ “ဒတ်စ်တရ်ခါန်” အခင်းခင်း၍ စားရမည်။
၎။ လကျာ်လက်ဖြင့် မိမိရှေ့တွင် ရှိသော ပန်းကန်မှ ယူ၍ စားရမည်။
၅။ ပန်းကန်၏ အလည်တည့်တည့်၍ လက်မနှိုက်ရ။ အဘယ့်ကြောင့်ဆိုသော် ပန်းကန်အလယ်၌ ဗရ်ကသ်တော်များ ကျရောက်ပေသည်။
၆။ အလွန်ပူပြင်းသော ထမင်း၊ ဟင်းကို မစားလေနှင့်။
၇။ လက်၌ လူးပေနေသည်ကို ဆေးမပြစ်ရ။ ပထမ လက်ချောင်းများကို ယက်ရမည်။ပြီးနောက်မှ ဆေးကြောရမည်။ မည်သည့်နေရာ၌ ဗရ်ကသ်ရှိနေသည်ကို အသင်တို့ မသိကြကုန်ဟု ဟဒီးစ်တော် တစ်ပါးတွင် လာရှိပေသည်။
၈။ ပန်းကန်ကို သန့်ရှင်းအောင် ဆေးကြောရမည်။ ရှိုင်တွာန်အတွက် မထားခဲ့ရ။ သင့်အား ဂျဟန္နမ်မှ လွတ်ကင်းစေရန် ပန်းကန်က ဒိုအာပြုလေသည်။
၉။ စားသောက်ဖွယ်ရာများကို အပြစ်မဆိုရ။ စိတ်အလိုရှိက စားပြီး စိတ်အလိုမရှိက မစားဘဲနေရမည်။
၁၀။ မုန့်စားသောအခါ လက်သုံးချောင်းဖြင့်သာ စားရမည်။
၁၁။ အားလုံးရောနှော၍ စားရမည်။ တသီးတခြားစီ မစားရ။
၁၂။ ထမင်းစားပြီးသောအခါ “အလ်ဟမ်ဒိုလိလ္လာဟစ်လဇိ အတ်တွအာမာနာ ၀စာကားနာ ၀ဂျာအလနာ မိနလ် မွတ်စလေမီးန်” ဟု ဆိုရမည်။ (အဓိပါယ် ချီးမွမ်းထောပနာပြုခြင်း အပေါင်းတို့သည် အလ္လာဟ်အရှင်အတွက် သာလျှင်တည်း။ ထိုအရှင်သာလျှင် ကျွန်ုပ်တို့အား အစာရေစာ တိုက်ကျွေးတော်မူပြီး ကျွန်ုပ်တို့အား မွတ်စ်လင်မ် အဖြစ် ပြုပေးတော်မူပေသည်။)
၁၃။ ရေ (သို့မဟုတ်) နို့သောက်လျှင် ဦးစွာ “ဗစ္စမိလ္လာဟ်” ဆိုရမည်။
၁၄။ အကယ်၍ ပန်းကန်ခွက်သည် ကွဲအက်နေသော် ထိုကွဲအက်သော နေရာမှ မသောက်လေနှင့်။
၁၅။ ကုလားအုတ်ကဲ့သို့ အသက်တစ်ရူတည်း မသောက်လေနှင့်။ ခွက်ကို ပါးစပ်တပ်လျှက် အသက်မရှုရ။ ခွက်ထဲကိုလည်း မမှုတ်လေနှင့်။
အစ္စလာမ် ပညတ်ချက်များ ၁
ဝတ်စားဆင်ယင်ခြင်းအကြောင်း
မွတ်စလင်တို့သည် ၀တ်စားဆင်ယင်မှုများနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်၏။
၁။ အမျိုးသားများသည် ချက်မှ ဒူးထိ လုံခြုံစေရမည်။
၂။ အမျိုးသမီးများသည် မျက်နှာ၊ လက်ဖ၀ါး၊ ခြေဖ၀ါးမှအပ ကျန်အစိတ်အပိုင်း၏ ပုံသဏ္ဍာန်များ မပေါ်အောင် လုံခြုံစွာ ရှိရမည်။
၃။ အမျိုးသားများသည် ပိုးထည်၊ ရွှေထည်များကို မ၀တ်ဆင်ရ။
၎။ အမျိုးသမီးတို့သည် ရွှေ၊ ငွေ၊ ဘယက်တန်ဆာများကို သူစိမ်းတစ်ရံစာ အမျိုးသားများ မြင်အောင် ဖော်မ၀တ်ရ (အ၀တ်အတွင်းမှာသာ ၀တ်ရမည်။)
၅။ အမျိုးသမီးများ အနေဖြင့် အ၀တ်အတွင်းမှပင် ဖြစ်သော်လည်း အသံမြည်စေသော ရွှေ၊ ငွေ၊ ဘယက်တန်ဆာများကို မ၀တ်ဆင်ရ။
၆။ ခင်ပွန်းသည် (လင်ယောက်ျား) ရှိသော အမျိုးသမီးများသည် အိမ်အတူနေသူ အမိ၊ အစ်မ၊ ညီမ စသည့် အမျိုးသမီးတို့နှင့် အ၀တ်ဆင်တူ မ၀တ်ဆင်ရ။ အနံ့တူရေမွှေး မသုံးစွဲရပေ။
၇။ အမျိုးသမီးများ အနေနှင့် မိမိအိမ်မှ ပြင်ပသို့ သွားလျှင် အနံ့ထွက်သော အမွှေးအကြိုင်များ မသုတ်လိမ်းရ။
၈။ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ လည်းကောင်း အမျိုးသားများသည် အမျိုးသမီးများ ကဲ့သို့ လည်းကောင်း ၀တ်စားဆင်ယင်မှု ပြုခဲ့သည်ရှိသော် အလ္လာဟ် ရစူလ် တို့၏ လအ်နတ်ကို ခံရမည် ဖြစ်သည်။
စာရိတ္တကောင်းနှင့် ဂုဏ်ရည်မွန် အစ္စလာမ်သာသနာတော်၌ ကောင်းမြတ်သော အကျင့်စာရိတ္တ၏ အရေးကြီးပုံနှင့် ထူးမြတ်ပုံများကို ကောင်းစွာ ဖော်ပြထား၏။ ရစူလ် ကိုယ်တော်မြတ်၏ အချို့သော ဟဒီးစ်တော် တစ်ပါးတွင် “အသင်တို့ အနက် အကျင့် စာရိတ္တ အကောင်းဆုံးသူသည်သာလျှင် အမွန်မြတ်ဆုံးသောသူ ဖြစ်သည်။” ဟု ရစူလ်ကိုယ်တော်မြတ် (ဆွ) မိန့်ကြားခဲ့သည်။
အခြားဟဒီးစ်တော် တစ်ပါးတွင် “ကေယာမတ်သ်” နေ့၌ ချိန်ခွင်ထဲတွင် အချိန်အစီးဆုံး ဖြစ်မည့်အရာမှာ ကောင်းမြတ်သော အကျင့်စာရိတ္တပင် ဖြစ်ချေအံ့ဟု ကိုယ်တော်မြတ် (ဆွ) မိန့်ကြားလေသည်။
နဗီတမန်တော်မြတ်က ကောင်းမြတ်သော အကျင့်စာရိတ္တများ၏ ထူးမြတ်မှုအကြောင်းများကို ဖော်ပြ ဟောကြားတော်မူ သကဲ့သို့ အကျင့်ဆိုးများ၏ ဆိုးယုတ်မှုများ အကြောင်းကိုလည်း ဟောကြားတော် မူခဲ့လေသည်။
အလ္လာဟ်အရှင်မြတ်ထံတွင် ယုတ်ညံ့သော စာရိတ္တထက် ဆိုးဝါးသော ပြစ်မှုကား မရှိတော့ချေဟု ကိုယ်တော်မြတ် (ဆွ) မိန့်ကြားတော် မူခဲ့လေသည်။
Subscribe to:
Posts (Atom)