Monday, September 28, 2009

ဗမာမွတ်စလင်မ်တို့၏ တည်တန့်ခိုင်မြဲရေးအပေါ် ပြန်လည်သုံးသပ်ချက်(၂)

၁။ တောင်ဟီးဒ်။
တောင်ဟီးဒ်တစ်ပါးတည်းသော မွေးမြူရှင် အလ္လာဟ်အရှင်ကို ခဝတ်ကိုးကွယ်ဘို့ ထိုအရှင်ပေါ်သာ မျှော်ကိုးဘို့ မိမိ၏ဘဝ ကောင်းကျိုး၊ဆိုးကျိုးကို ထိုအရှင်မြတ် အပေါ်သာ ယုံပုံအပ်နှံဘို့နဲ.၊ အလ္လာဟ်အရှင်မြတ်စီစဉ်တော် မူထားတဲ့ လူသားတွေရဲ. လုပ်ရပ်ပေါ် ပြန်လည်သုံးသပ် စစ်ဆေးမေးမြန်း စီရင်မဲ့ ကမ္ဘာတရား စီရင်မဲ့နေ့ (ကေယာမတ်)ကို ကိုယ်နှုတ်နှလုံး ၃ ပါးလုံးနဲ့ ယုံကြည်မျှော်ကြဘို့ -
တမန်တော်ကြီး နူဟ်၊ တမန်တော်ကြီး အစ်ဗရာဟင်မ်၊ တမန်တော်ကြီး မူဆာ၊ တမန်တော်ကြီး အီစာ နဲ့ နောက်ဆုံးပွင့်ပေါ်ခဲ့တော်မူတဲ့ မဟာတမန်တော်မြတ်ကြီး မုဟမ္မဒ် (ချမ်းမြေ.သာယာခြင်း အပေါင်း ကိုယ်တော့်ပေါ် သက်ရောက်ပါစေ)ထိ တမန်တော်ပေါင်း မြောက်မြားစွာဟာ “တောင်ဟီးဒ် တစ်ပါးတည်းသော အလ္လာဟ်အရှင်ကို ဆက်ကိုးကွယ်အားထားဘို့၊ ဖန်ဆင်းခံ လူသားတွေဟာ တရားစီရင်မဲ့နေ့ကို ယုံကြည်ဘို့ နှိုးဆော်ဖိတ်ခေါ်ခဲ့ကြတယ်။ လိုက်နာခဲ့တဲ့ မွတ်စလင်မ်တွေဟာ လောကမျက်မှောက်ဘဝမှာ ကောင်းကျိုး ချမ်းသာကို ခံစားခဲ့ရတဲ့ သမိုင်းအထောက်အထားတွေ အများကြီးပါ၊ အလေးထားလေ့လာကြည့်ပါ၊ ဆန့်ကျင် သွေဖယ် သူတွေဟာ ပျက်ဆီးခြင်းမလှ ပျက်ဆီးဆုံးရှုံးကြတာတွေလဲ သမိုင်းမှာ ဖျောက်ဖျက်မရပါ။
တောင်ဟီးဒ်တစ်ပါးတည်းသော အလ္လာဟ်အရှင်ကို ယုံပုံကိုးစားခဝတ်ကိုးကွယ်ကြခဲ့တဲ့ တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ချမ်းမြေ.သာယာခြင်းအပေါင်း ကိုယ်တော့ပေါ်သက်ရောက်ပါစေ)နဲ့ (ဆွဟာဘာ) သာဝကကြီးများနဲ့ နောက်လိုက်များဟာ ကမ္ဘာမှာ လောကကောင်းကျိုးအတွက် ကြိုးပမ်းခဲ့လို့ ကမ္ဘာမှာ မွတ်စလင်မ်ဟာ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တာတွေဟာ သမိုင်းက သက်သေ ခံလျက်ပါ၊ အဲဒီ သာဝကကြီးများဟာ (အာခေရတ်) နောက်ဘဝအတွက်လဲ သောက မရှိကြောင်း အစ္စလာမ်က အာမခံပြီးသားပါ။
တောင်ဟီးဒ်ကို နှလုံးသားထဲ စွဲစွဲမြဲမြဲ ယုံကြည်သူဟာ လောကမှာ အလ္လာဟ်အပြင် ကြောက်စရာ နတ္တိပါ၊ ဒါတွေဟာ စာရေးသူ တွေးခေါ် လေ့လာယုံကြည်ထားတာပါ။ တောင်ဟီးဒ်ရဲ. ကြွေးကြော် ချက်ကို မူလ ဆောင်းပါးမှာ အာရှစာဆို ဒေါက်တာ အစ်က်ဘါလ်ရဲ. ကဗျာနဲ့ ချုပ်ထားတာ တွေ့ရပါလိမ့်မယ်။
“အားလပ်မှုကား မရှိပါ၊ လုပ်ငန်းဆောင်တာများ အများအပြားကျန်ရှိနေပေသေးသည်၊ တောက်ပြောင် သန့်စင်လှသော တစ်ပါးတည်းသော အလ္လာဟ်ရှင် တည်ရှိကြောင်းကို လက်ခံလာစေရန် ကြိုးစားမှုကား လိုနေပါသေးသည်။”
၂။ ဗမာမွတ်စလင်မ်များ၏ အခွင့်အရေးများကို အာမခံချက်ပေးနိုင်အောင် ကြိုးပမ်းမည့်အဖွဲ့အစည်း။
၁၉၆၀ ခုနှစ်က နိုင်ငံမှာ ပါလီမန်ဒီမိုကရေစီအရ ရွေးချယ်ထားသော ပြည်ထောင်စုပါတီအစိုးရ တာဝန်ယူနေချိန် ဖြစ်ပါတယ်။ ထိုစဉ်က မွတ်စလင်မ် အဖွဲ့အစည်းများအဖြစ်နဲ့ (၁) မြန်မာနိုင်ငံလုံးဆိုင်ရာ အူလမာများ အဖွဲ့ချုပ် (မွတ်စလင်မ်သာသနာ့ပညာရှင်များ အဖွဲ့ချုပ်)၊ (၂) ပြည်ထောင်စု မြန်မာနိုင်ငံတော် အစ္စလာမ်သာသနာ့ရေးရာ ကောင်စီ (၁၉၅၄ ဒီဇင်ဘာလမှ စတင်ဖွဲ့စည်း)၊ (၃) မော်လဝီများ အဖွဲ့ချုပ်၊ (၄) ဗမာမွတ်စလင်မ် လူငယ်များ အဖွဲ့ချုပ်၊ (၅) ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ်ကျောင်းသူ/ကျောင်းသားများ အဖွဲ့ချုပ် နဲ့ အခြားအဖွဲ့အစည်း အချို. ရှိခဲ့ကြတယ်။ ဝန်ကြီးဟောင်းဦးခင်မောင်လတ်နဲ့ ဆရာချယ်တို့က အစ္စလာမ်သာသနာရေးရာ ကောင်စီမှ အဓိက တာဝန်များ မယူကြတော့ဘဲ၊ ဗမာမွတ်စလင်မ် ညှိနှိုင်းရေးအဖွဲ့ဆိုပြီး ဖွဲ့စည်းကြတယ်၊ အဲဒီအချိန်က အစိုးရအဖွဲ့မှ ဝန်ကြီးတာဝန်ရထားတဲ့ ဦးရာရှစ်နဲ့ ပါလီမန်အမတ် ဦးထွန်းမြင့်ကျြူတို့က ၎င်းတို့ရဲ. စီးပွားရေး၊ နိုင်ငံရေး ဘက်တော်သားများနဲ့ ဗမာမွတ်စလင်မ် အဖွဲ့ချုပ် ဆိုပြီး ဖွဲ့စည်းကြတယ်။
အဲဒီနောက်မှာ နိုင်ငံတော်က နှစ်စဉ် အစ္စလာမ်သာသနာအတွက ထောက်ပံ့ငွေကို မူလက အစ္စလာမ်သာသနာရေးကောင်စီတစ်ဖွဲ့တည်းသာ ပေးရာမှ ဝန်ကြီးဦးရာရှစ်ရဲ. အစိုးရအပေါ် တင်ပြမှုကြောင့် (၆)ဖွဲ့ဟူ၍ ပေါ်ပေါက်လာပြီး အစိုးရက သာသနာ့ ထောက်ပံ့ကြေးကို ကောင်စီက သုံးသောင်း၊ ဗမာမွတ်စလင်မ် အဖွဲ့ (ဘီအမ်အို)က သုံးသောင်းနဲ့ ကုရ်အာန်ဘာသာပြန်အတွက် ငါးထောင်အသီးသီးခွဲပေးလာတာ ဖြစ်ခဲတယ်။ အသေးစိတ် မတင်ပြလိုပါ။
အဲဒီအဖွဲ့ (၆)ဖွဲ့ဟာ ယနေ့တိုင် နှစ်ငါးဆယ်ကျော် တည်ရှိခဲ့တာ မွတ်စလင်မ်များ အသိဖြစ်ပါတယ်။ ယခု နိုင်ငံတော် အေးချမ်းသာယာရေးအဖွဲ့ အစိုးရလက်ထက်မှာ ဆရာချယ် (ယခု ကွယ်လွန်) ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် အမျိုးသားရေးအဖွဲ့ဟူ၍ ပေါ်ပေါက် လာပြန်တယ်။
ယခုမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ မြန်မာမွတ်စလင်မ်များ မျိုးဆက် (၂) (၃) ဆက်ကျော်လွန်လာခဲ့ပေမဲ့ မွတ်စလင်မ်များရဲ. ပညာရေး၊ လူမှုရေး၊ သာသနာ့ အသိစိတ်ဓါတ် ရင့်ကျက်ရေး၊ ခေတ်ပညာနဲ့ သာသနာ့ပညာ ကို ခေတ်နှင့် အမှီ တိုးတက် တက်မြောက်လာရေးကို မည်မျှစွမ်းဆောင်လာနိုင်ခဲ့ကြသလဲ၊ အမြော်အမြင် ကြီးသူများ လေ့လာသုံးသပ်ဆန်းစစ်က သိရှိလာနိုင်ပါတယ်။ စာရေးသူက ရာနှုန်းအားဖြင့် ငါးဆယ် အောက်ပြည့်မယ်မထင်ပါ၊ အဲဒီ သာသနာရေး အမည်ခံ အဖွဲ့အစည်းတွေမှာ ဦးဆောင်မှုနေရာ ရယူထားတဲ့ ခေါင်းဆောင်ပိုင်းရဲ. ခေတ်ပညာ၊ သာသနာရေးပညာ (အစဉ်တိုးတက်ပြောင်းလဲပြီး ကမ္ဘာ့မွတ်စလင်မ်ထုရဲ. ခေတ်နဲ့ သာသနာ့အသိပညာတိုးတက်မြင့်မားလာချိန်)ဟာ ဘယ်အဆင့်မှာ ရှိကြတယ် ဆိုတာ သုံးသပ် ကြည့်နိုင်ပါတယ်။ စာရေးသူဟာ လေ့လာ တွေးခေါ် ဆန်းစစ်နေသည့်အပေါ် သုံးသပ်ခြင်းပါ၊ စာရေးသူထက် အသိပညာမြင့်မားသူများ အများအပြားပါ။)
ဒါကြောင့် မြန်မာနိုင်ငံမှ အစ္စလာမ်သာသနာရေးရာများကို ဦးဆောင်မှုပေးနေကြတဲ့ ခေါင်းဆောင် များဟာ ပြီးခဲ့တဲ့ အတိတ်သမိုင်း၊ မျက်မှောက်ခေတ်အခြေအနေ နဲ့ နောင်ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေများကို လေ့လာသုံးသပ်ကြပြီး မြန်မာမွတ်စလင်မ်များ၏ သာသနာ့အသိပညာ မြင့်မားရင့်ကျက်လာစေမှုတို့အပေါ် သုံးသပ်ကာ မြန်မာမွတ်စလင်များကို မြန်မာနိုင်ငံ ပတ်ဝန်းကျင်နဲ့ မဆန့်ကျင်တဲ့ စည်းရုံးမှု၊ ပညာပေးမှု စသည့်လုပ်ငန်းများကို စီမံကိန်းများ ရေးဆွဲဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုပါတယ်။

ဗမာမွတ်စလင်မ်တို့၏ တည်တန့်ခိုင်မြဲရေးအပေါ် ပြန်လည်သုံးသပ်ချက်(၁)

ဗမာမွတ်စလင်မ်တို့၏ တည်တန့်ခိုင်မြဲရေးအပေါ် ပြန်လည်သုံးသပ်ချက်။

မြန်မာမွတ်စလင်မ်တို့ရဲ. ဘဝမှန် သမိုင်းမှန် အခြေအနေမှန်များကို လေ့လာနေတဲ့ မြန်မာ မွတ်စလင်မ်တို့ကို စာရေးသူ ( ဦးကျော်ဖေ သန်လျင်)(ယခု အလ်ဟာဂ်ျ ဆရာဦးကျော်ဖေ-သန်လျင်) လွန်ခဲ့တဲ့ ၁၉၆၀ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလ ထုတ် ကမ္ဘာအလင်းမဂ္ဂဇင်းမှာ နှစ်လဆက်ပြီး ဖော်ပြခဲ့တဲ့ “ဗမာမွတ်စလင်မ် တို့၏ တည်တန့်ခိုင်မြဲရေး” ခေါင်းစဉ်ပါ ဆောင်းပါးကို ယခု (၂၀၀၉)ခုနှစ်မှာ မိတ်ဆွေ တစ်ယောက်က “ Internet Website – www.mmsy.org မှာ တင်ပြခဲ့ပြီး ဆက်လက်သုံးသပ်ချက်ကို ရေးသားပေးဘို့ မေတ္တာရပ်ခံလာတဲ့ အတွက် ဒီသုံးသပ်ချက် စာစဉ်ကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
ဒီသုံးသပ်ချက်ကို ရေးသားနေချိန်မှာ စာရေးသူဟာ အသက် ၇၄နှစ် တင်းတင်းပြည့်ဖို့ ရက်ပိုင်းဘဲ လိုတော့တဲ့ အချိန်ပါ။ (မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို.မှာ ခေတ္တရောက်နေချိန်ပါ။) မူလဆောင်းပါးကို ရေးခဲ့ချိန်မှာ စာရေးသူဟာ အသက် ၂၅နှစ်ကျော်ဘဲရှိချိန်ပါ။ စာရေးသူဟာ ငယ်စဉ်ကထဲက အမျိုးသားရေး၊ ဘာသာရေး၊ လူမှုရေး လုပ်ငန်းတွေ စိတ်ဝင်စားခဲ့လို့ အဲဒီဆောင်းပါးရေးနိုင်ခဲ့တာပါ၊ မြန်မာမွတ်စလင်မ်တို့၏ အခြေအနေ ပြောင်းလဲတိုးတက်လာပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဘို့ပါ၊ (မွတ်စလင်မ်တွေဟာ ကမ္ဘာမှာ လှုပ်ရှားသွားလာပြီး မျက်မှောက်ဘဝမှာ စိတ်၏ သာယာမှုကို ဖန်တီးနေတာတွေဟာ အလ္လာဟ်အရှင် ဖြစ်စေလိုတဲ့ အရာတွေ မဟုတ်ပါ၊ မွတ်စလင်မ်တွေဟာ ဤမျက်မှောက်လူ့ဘဝမှာလည်း အကောင်းဆုံးသူတွေ ဖြစ်ပြီး (အာခေရသ်) မွေးမြူဖန်ဆင်းတော်မူတဲ့ အလ္လာဟ်အရှင်မြတ်ရဲ.ထံတော်မှာ အကောင်းဆုံး သူတွေဖြစ်ရဘို့ပါ။ မွတ်စလင်မ်တွေဟာ (မေနရာ)မျှော်စင်ပေါ်က “အောင်မြင်ရာဘက်သို့ လာကြပါကုန်” ဟုဘိတ်ခေါ်သကဲ့သို့ အောင်မြင်ရာ အကောင်းဆုံးလုပ်ငန်းတွေ လုပ်ကြရမယ့် သူတွေပါ။
အထက်ပါအချက်တွေဟာ သုံးသပ်ချက်နိဒါန်းပါ၊ (စာရေးသူရဲ. ရေးသားပုံ နှစ်ငါးဆယ်မှာ ပြောင်းလဲ လာတာတွေ့ကြလိမ့်မယ် ထင်ပါတယ်၊ မြန်မာ စာတတ်တွေကို စကားပြော ပုံစံ ရေးသားတင်ပြတာ ပိုလို့ထိရောက်မယ်ထင်လို့ပါ၊) ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ခေါင်းစဉ် ၄ ခုကို တစ်ခုချင်း အကုန် သုံးသပ်မှာပါ၊ စဉ်းစားတွေးခေါ်ကြည့်ကြပါကုန်။

Monday, September 21, 2009

ယုံကြည်မူ၏ အလင်းရောင်(၅.၁.၂)

မပြတ်မစဲသနားကြင်နာတော်မူသော်၊ အနန္တကရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။

ဒုတိယ အချက်

ယုံကြည်မူ၏ အလင်းရောင်သည် လူသား၏အသိဥာဏ်အတွင်း အရှင်၏ဖန်းဆင်းထားသော ဖန်းဆင်းခံတို့ ၏ဖြစ်တည်မူယန္တရားကို အလင်းအရာင်တိုးဝင်သကဲ့သို့  နားလည်သဘောပေါက်စေနိုင်သဖြင့်၊ လူသားသည် ဤကမ္ဘာရှိဖြစ်တည်ပျက်သုဉ်းမူများကို ကွက်ကွက်ကွင်းကွင်း သိသာနိုင်မည့် အပြင်၊ေ၇ှာက်လှမ်းမူတိုင်းတွင် အောင်မြင်မူရရှိပေမည်။ ထို့ အပြင် ဤအောင်မြင်မူသာလျှင် အတိတ်နှင့်အနာဂတ်ကို လူသားတို့ အတွက် စစ်မှန်သောအဓိပ္ပါယ်ကို နလုံးသားအတွင်းခံယူနိုင်ရန် ကူညီပေးနိုင်သည့် တစ်ခုတည်းသောအချက်ဖြစ်သည်။
ဒီလျို့ ဝှက်ချက်ကို နိုင်းယှည်မူများဖြစ် စဉ်းစားဆင်ခြင်ကြည့်ရအောင်။

အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့ ကို (အထူးကြည့်ရူစောင်မသော) အဆွေခင်ပွန်းပင်တည်း။ (ထိုအရှင်မြတ်သည် ယင်းယုံကြည်သူအပေါင်းတို့ ကို (‘ကုဖ်ရ်’ တည်းဟူသော) အမိုက်မှောင်များအတွင်းမှ (‘က္ကစ်လာမ်’ တည်းဟူသော) အလင်းေ၇ာင်သို့  ထုတ်ယူပို့ ဆောင်တော်မူသည်။) (စူရာ-ဘကရာ၊ အာယတ်တော်၂၅၇၊ အပိုင်း၁) (၂:၂၅၇)

ဆိုလိုရင်း
အရှင်သည် သက်ဝင်ယုံကြည်သူများအား အုပ်ထိမ်းစောင့်ကြပ်သည့် အရှင်ဖြစ်သဖြင့် ယုံကြည်သူများအား အမိုက်တွင်းမှ အလင်းရောင်နယ်မြေသို့ လမ်းပြပေးတော်မူ၏။

ပထမပိုင်း
အထက်ပါ အာယတ်တော်နှင့်ဆက်စပ်၍ ကျွန်တော်၏ အမြင်အာရုံတွင်း နှက်ရိုင်း သောခြောက်ကမ်းပါးရှိ တောင်စွန်းနှစ်ခုကြား ဆက်သွယ်ထားသော တံတားတစ်ခုအား မြင်ယောင်မိ၏။ တံတားပေါ်တွင် ရောက်လင့်နေသော ကျွန်တော်၏ အမြင်အာရုံတွင် ထူပိန်းသောအမှောင်ကျနေမူကြောင့် ပတ်ဝန်းကျင်အားမြင်နိုင်စွမ်းမရှိပါ။ တံတား၏ ညာဘက်ကိုကြည့်သော မျော်လင့်ချက်မဲ့လောက်စရာ အလွန်ကျယ်ဝန်းသော သင်္ချီုင်းဂုံးကြီးဖြစ်နေ၏။ တဖန်ဘယ်ဘက်ကိုကြည့်သော ကြောက်မက်ဖွယ်ရာသီဥတုနှင့်တွဲဖက်လျှက် အကျည်းတန်သော တောင်စောင်းများကို မျက်နှာမူလျက်သားဖြစ်နေသည်။ ထိုအချိန်၌ ကျွန်တော်တွင်ရှိသော အလင်းမှိန်မှိန်မီးအိမ်ဖြင့် ထိုတောင်စောင်းများနှောက်သို့  လှမ်းမျှော်ကြည့် လိုက်သောအခါ အိုး ကြောက်ခမှန်းလိလိ လိပ်ပြာလွင့်နိုင်စရာ ဘီးလူး၊ သစ္စေများ ချင်းကပ်လာနေကြသည်။ ထိုအခါ သတိဝင်လျှက် ကျွန်တော်၏ အမြင်အာရုံအား မှားယွင်းအောင် စွဲဆောင်နေသည့် ဒီမီးအိမ်ငယ်ကို ဒေါသအလျှောက် ရိုက်ကွဲကြွေမွှပြီး ဟစ်အော်လိုက်သည်မှာ “အသင်မီးအိမ်ငယ် ကျွန်တော်အားဒုက္ခတွင်းသို့  ဆွဲမခေါ်ပါနဲ့ လား”။ မီးအိမ်ငယ် ကြွေမွှသည်နှင့် သံပြိုင်နက်ထဲ ဧရာမမီးလုံးကြီး ထွန်းဝင်းသကဲ့သို့  လက်ရှိအမှောင်ထုအားကွင်း၍ အလင်းတန်းများ ဝင်ရောက်လေတော့သည်။ ဤအလင်းရောင်သာလျှင် အထင်မှားခဲ့သော အမြင်မှားများကို ရှင်းလင်းပေးသဖြင့် ကျွန်တော်၏ ပတ်လည်တွင်ရှိသော အရာများကို အဖြစ်မှန်တိုင်း မြင်ရလေတော့သည်။


ဒုတိယပိုင်း
ထိုအခါမှသာလျှင် တံတားကြီးသည် ဖြောင့်ဖြူးသော ဟိုင်းဝေးလမ်းမကြီး ဖြစ်သည့်အပြင်၊ ညာဘက်တွင် သင်္ချီုင်းဂုံးကြီးဟု ထင်ခဲ့သောကွင်းပြင်တွင် အမြင်မှန်ရ လူသားတို့ ၏ အောင်မြင်မူလမ်းကြောင်းဖြစ်သည့် ၎င်းတို့ ၏ဘဝတည်ဆောက်မူကို အရှင်အားဦးတည်၍ အင်မတန်မှ ငြိမ်းခြမ်းသာယာသော ဥယှဉ် ကျယ်ကြီးထဲတွင် ညီညွတ်စွာ စုစည်း လုပ်ဆောင်နေကြ၏။ ဘယ်ဘက်ကိုလည့်သော ချစ်စဖွယ် ဥယှဉ်တွင် အရသာရှိ ခံတွင်းတွေ့ ဖွယ် အစားအသောက်များ၊ ပျော်ရွှင်မူများနှင့် ပြည့်နှက် နေ၏။ ဘီးလူး၊ သစ္စေများဟု အမြင်များခဲ့သော ချစ်စရာ တိရစ္ဆာန်များဖြစ်နေ၍ ဆော့်ကစားချင်နေမိ၏။ ထိုအချိန်တွင် ကျွန်တော် အော်ဟစ် သစ္စာဆိုသည်မှာ “ယုံကြည်မူ အလင်းေ၇ာင်၏ တန်ဖိုးကို သိမြင်လေပြီ အရှင်၊ အမှန်တကယ် ချီးမွန်းမူအပေါင်းသည် အရှင်တစ်ဆူတည်း အတွက်သာဖြစ်သည်။” ပြီးသည်နှင့် စူရာ-ဘကရာရှိ အထက်ပါ အာယတ်တော်ကို ရေရွတ်၍ ကျွန်တော်၏ ယခု အမြင်အာရှံအား သုံးသပ် နေမိသည်။
အထက်ပါ အမြင်အာရှံ၏ အချက်များအား လူသား၏ဘဝနှင့် နိုင်းယှဉ်ကြည့်သော တံတားသည် ဘဝ၏ လမ်းကြောင်းဖြစ်၍ တံတား၏ အစအဆုံးနှစ်ဖက်ရှိ တောင်စွန်းနှစ်ခုသည် လူသား၏ ဘဝအစအဆုံး ဖြစ်သည်။ ညာဘက်ကို ညွှန်းသော အတိတ်၊ ဘယ်ဘက်ကို ညွှန်းသော အနာဂတ်ဟုဆိုနိုင်သည်။ အလင်းမှိန်မှိန်မီးအိမ်ငယ်လေးမှာ လူသားအတွေ့ အကြုံ ဖြစ်ရှာဖွေထားသော မပြည့်စုံသည့် လူနေထိုင်မူစနစ် ကိုအားကိုးပြီး အရှင်ချမှတ်ပေးထားသော ပြီးပြည့်စုံသည့် လူနေထိုင်မူစနစ်ကို ညဉ်းပယ်နေသော ‘ငါ’ ဆိုသော အတ္တဖြစ်လေသည်။ ဆုံး၊ ဘီးလူးများဟုရသော အရာများမှာ ကမ္ဘာမြေကြီး၏ ဆွဲမက်ဖွယ် မတည်မြဲသည့် အ၇ာများနှင့် အခြား ဖန်းဆင်းခံများဖြစ်သည်။
ထို့ ကြောင့် ငါဆိုသော အတ္တတွင် မှီခိုမှောက်မှာသူများသည် အလင်းရောင် ချို့ ယွင်းသော မီးအိမ်ငယ်ဦးဆောင်မူဖြစ် လမ်းမှားသို့ တိုးဝင်ပြီး၊ အတိတ်သည် ၎င်းတို့ အတွက် နားကြည်းစရာ အမဲစက်များ အသွင် မြင်ရောင် နေ၏။ အနာဂတ်သည်လည်း လူသားတို့ က အရှင်ပေးသောတာဝန်ကို ပွေ့ ပိုက်ကာ စမ်းသပ်မူများမှ အောင်မြင်သဖြင့် ရရှိသော ဆုလဒ်များကိုပင် ဆုံး၊မိစ္ဆာများ သဏ္ဌာန် မြင်ေ၇ာင်နေမည်။
ထိုသူတို့ အတွက် စူရာ-ဘကရာ ရှိ အာယတ်တော် ၂၅၇ မှ အပိုင်း ၂ ၏ အဓိပ္ပါယ်ကို ညွှန်းဆိုနေသည်။


သို ရာတွင် မယုံကြည် သွေဖည်ငြင်းပယ်သော သူတို့ ၏ အဆွေခင်ပွန်းများမှာမူကာ ‘ရိုင်တွာန်’များ ပင်တည်း။ ယင်း ‘ရိုင်တွာန်’များသည် ထိုသူတို့ အား (ဣစ်လာမ် တည်းဟူသော) အလင်းရောင်မှ (ကုဖိ၇် တည်းဟူသော) အမှိက်အမှောင် အတွင်းသို့  ပို့ ဆောင်ကြကုန်၏။ ယင်းကဲ့သို့  (ဣစ်လ္လာမ် သာသနာတော်ကို) မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့ သည် ငရဲများဖြစ်ရကား ထိုငရဲ၌ပင် ထာဝစဉ် ခံစားနေထိုင်ကြရမည့်သူများ ဖြစ်ကြပေသတည်း။(စူရာ-ဘကရာ၊ အာယတ်တော်၂၅၇၊ အပိုင်း၂-၃) (၂:၂၅၇)

သို့ သော်ငြားလည်း လူသားသည် အရှင်၏လမ်းညွှန်မူ အောက်ခိုလုံ၍ နှလုံးအတွင်း ယုံကြည်မူကို သွတ်သွင်းလျှင်၎င်း၊ ငါဆိုသော အတ္တကို ချေမုန်းလျှက် ငါဆိုသော တစ်ပါးတည်း အရှင်အား မိမိနှလုံးပလ္လင်၌ စံမြန်းနိုင်ရန် အရှင်ကချမှတ်ပေးထားသော် ကျမ်းမြတ်တော်ကို ဘဝတည်ဆောက်ရာတွင် လမ်းညွှန်မူအဖြစ် အသုံးပြုလျှင် ၎င်း၊ အထက်တွင် ဖော်ပြခဲ့သော အမြင်အာရုံ၏ ဒုတိယပိုင်းကဲ့သို့  အနှစ်အစံပြည့် ဘဝမှန်ကို ရယူနိုင်ပေမည်။ ထို့ ကြောင့် ဤကမ္ဘာသည်ပင်လျှင် အောက်ပါ အာယတ်တော် ကို ကြွေးကြော်နေတော့မည်။

အလ္လာဟ်အသျှင်မြတ်သည် မိုးကောင်းကင်နှင့် ပထဝီမြေ၏ ရောင်ခြည်တော် ဖြစ်တော်မူ၏။ တနည်း-အလ္လာအသျှင်မြတ်သည် ပထဝီမြေနှင့် မိုးကောင်ကင်များတွင် ရှိသူတို့ အား ဓမ္မရောင်ခြည်ပေးတော်မူသော် အသျှင်ဖြစ်တော်မူသည်။ (စူရာ-နူး၇် ‘အလင်းေ၇ာင်’၊ အာယတ်တော် ၃၅) (၂၄:၃၅)
ထိုမှသာလျှင် လူသားသည် သူ၏နှလုံးသား အသိဥာဏ်ဖြစ် သင်္ချီုင်းဂုံးကြီးဟုထင်ရသော အတိတ်ကိုလည်း “သန်.ရှင်းစင်ကြယ်သော စိတ်ကို ရင်ဝယ်ပိုက်ပြီး တမန်တော်တို့ ၏ နောက်မှ အရှင်ပေးသော စမ်းသပ်ခံ တာဝန်ကို ပြီးမြှောက်ရန် ကြိုးစားနေ သော မွတ်စ္စလ္လင် (သူတော်စင်) များ၏ဘဝ” အဖြစ်မြင်နိုင်မည်။ တဖန် ထိုသူတော်စင်များသည် သေခြင်းတရားဆိုသော ပေါင်းကူးတံတားကိုဖြတ်ပြီး နောင်ဘဝကို ရယူပုံလည်းမြင်နိုင်မည်။ နောင်ဘဝသည် တံတား၏ဘယ်ဘက်ဖြစ်သည့် အရှင်က အောင်မြင်သူများအား ချီးမြှင့်ပေးသော အင်မတန်လှပ ခန်းနား တဆုံးကြယ်ဝန်းသော ထာဝရဘဝကို ဆိုလိုသည်။ ထိုညာဘက်တွင် မြင်ယောင်မိခဲ့သော သဘာဝ ဘေးအန္တရာယ်ကဲ့သို့ သော ကပ်ဆိုးများပင်လျှင် ယုံကြည်မူ၏ အလင်းရောင်ဖြစ် မိုးဦးစ မိုးများသဖွယ် ဆောင်းတွင်း၏ လေညုင်းသဖွယ် အမှန်တကယ် ခံစားနိုင်ပေမည်။ တနည်းဆိုသော- ထိုဥယှဉ်ကျယ်သို့ ရောက်ရှိရန် လျှောက်လှမ်းသူများသည် ယုံကြည်မူ၏ အလင်းရောင်ခြည်ဖြစ် ဥယှဉ်သို့  ကာဆီးထားသော ကြောက်မက်ဖွယ် အဖြစ်ဆိုးများကိုပင် ပန်းခင်းသောလမ်းများ အသွင် လျှောက်ကြပေမည်။ ထို့ ကြောင့် ထိုသူတို့ အတွက် သေခြင်းတရားပင်လျှင် အဆုံးမဲ့ကမ္ဘာသို့ ဝင်ရန် တံခါး အဖြစ် မှတ်ယူကြလေမည်။

(တူ၇ကီနိုင်ငံဖွား ဆ၇ာကြီး ဘိုင်သွလ်-အိတ်ဇမန်း-နွန်လ်စီ၏ ရီစာလေ-အိုင်းရ်နူးရ် စုစီးမူများထဲမှ စကားလုံးသုံးဆယ်သုံးလုံး၏ အကြောင်းအရင်းတစ်ချက်ကို ဘာသာပြန်ဆိုထားပါသည်။)

အင်္ဂံလိပ်ဘာသာပြန် ရယူချင်သူများ ဤနေရာတွင် ရယူနိုင်သည်။
http://www.saidnur.com

ဘာသာပြန်ဆိုသူ-အွတ်စ္စမန်းမင်း (I.I.U.M)

Wednesday, September 2, 2009

Sunday, August 23, 2009

Ramadan tips for first-timers

1. Don't expect it to be easy. Thirty consecutive days is tough. But with Allah's help, it will become the best 30 days of your life.

2. Remember: Ramadan is not about abstaining from food and drink till sunset only and being compassionate toward the poor, it is also about purifying your heart from sinful thoughts and actions and zooming out of this world and seeing the real meaning behind it. Don't let your fasting be restricted to thirst and hunger.

3. Enjoy the moments of fasting by getting to know your self, your weaknesses and strengths. Ramadan is a real eye opener as the devils are all locked up and you get to know just exactly how sinful your soul is. Can't blame it on the devil this time. If you find yourself still thinking of doing something wrong, then try to meditate on that and how to cure your heart from this.

4. Do good to everyone. Begin that holy month by forgiving all those who have wronged you. Call, email or visit those who have hurt you. Wish them a happy and blessed Ramadan.

5. Try to get as many loved ones as you can gather for "iftar" every day. It is a chance to reconnect with family and friends.

6. Don't forget to include the poor and less fortunate in your daily meal plans.

7. Take your friends and family to Taraweeh prayers every day. Together you will pray for each other and for all. It will be a memorable experience insha Allah.

8. Make it a plan to touch somebody's life everyday. Start planning from now, whom you can help and how.

9. Finally, compete with yourself to bring out the very best in you. Allah is watching. Make Him happy.